တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ ရေကြီးမှုကြောင့် နေအိမ်နဲ့လမ်းတွေ ဒါဇင်နဲ့ချီ ပျက်စီးခဲ့ပါတယ်။ ယူနန် ပြည်နယ်က တောင်တန်းဒေသဖြစ်တဲ့ နူကျန်းလီဆူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဇွန်လ ၁ ရက်အထိ နေအိမ်ပေါင်း ၂၇ လုံး ထိခိုက်ပျက်စီးခဲ့ပြီး တံတား ၁၆ စင်း ပြိုကျပျက်စီးခဲ့ပါတယ်။ အဲဒီဒေသဟာ ခရီးသွား စခန်းတစ်ခုဖြစ်ပြီး အခုအချိန်အထိတော့ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူနဲ့ ပျောက်ဆုံးသူရှိကြောင်း သတင်း ပေးပို့တာ မရှိသေးပါဘူးလို့ သိရပါတယ်။

ဒိချင်းတိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း မြေပြိုကျတာနဲ့ ရေကြီးတာကြောင့် လမ်းတွေ ပိတ်ဆို့တာ ဖြစ်ခဲ့ပြီး ထူထပ်တဲ့မြူတွေကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာ မှာ နှောင့်နှေးမှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ လာမဲ့ရက်တွေမှာလည်း မိုးဆက်လက်ရွာသွန်းမယ်လို့ ခန့်မှန်း ထားကြပါတယ်။