တရုတ်နိုင်ငံက ရေအောက်ဂေဟစနစ်ကို ထိန်းသိမ်းဖို့အတွက် အခု ၂၀၂၅ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။မြစ်ချောင်းအင်းအိုင်တွေကို အကာအကွယ်ပေးဖို့နဲ့ ရေအောက်ဂေဟစနစ်ကို လှပအောင်ဖန်တီးဖို့ တရုတ်အစိုးရက စီစဉ်နေတာပါ။

အစီအစဉ်အကြောင်းကို သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ဝန်ကြီးဌာနအပြင် တခြားဝန်ကြီးဌာနတွေက ပူးတွဲပြီး ထုတ်ပြန်ခဲ့တာပါ။ လာမယ့် ၂၀၃၀ ခုနှစ်အရောက်မှာ သာယာလှပတဲ့ မြစ်တွေ ကန်တွေ ဖြစ်လာဖို့အတွက် သိသာတဲ့ တိုးတက်မှု မြင်ရဖို့ မျှော်မှန်းထားပြီး ၂၀၃၅ ခုနှစ်မှာတော့ ပဏာမခြေလှမ်းကို ပြီးစီးလုပ်ကိုင်နိုင်ဖို့ ရည်မှန်းထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းရေးတွေကို အဓိက ဆောင်ရွက်မှာဖြစ်ပြီး ယန်ဇီနဲ့ မြစ်ဝါမြစ်ဝှမ်းက ရေအောက်အပင်နဲ့ တိရစ္ဆာန်မျိုးစိတ်တွေ နည်းပါးလာမှုကို ထိန်းသိမ်းဖို့ ဆောင်ရွက်နေတာပါ။ဒီအစီအစဉ်အတွက် သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့တွေကို အသုံးပြုသွားမယ်လို့ သိရပါတယ်။