ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အထူးတရားရုံးမှာ ရာထူးကဖြုတ်ချခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို တရားစွဲဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့နှစ်က ကျောင်းသားတွေရာချီသေဆုံးခဲ့တဲ့ လူထုအုံကြွမှုနဲ့ပတ်သက်လို့စွဲဆိုခံရတာပါ။

လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေကျူးလွန်တယ်ဆိုပြီးစွဲဆိုခံရတာဖြစ်ပါတယ်။ဒါကာအခြေစိုက် ရာဇဝတ်မှုဆိုင်ရာခုံရုံးက ဇွန်လ ၁၆ ရက်နေ့မှာ ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာနဲ့ရဲချုပ်ဟောင်းတစ်ဦးတို့ကို တရားရုံးတင်ဖို့ စုံစမ်းရေးမှုးတွေကိုညွှန်ကြားလိုက်တာဖြစ်ပါတယ်။မေလ ၁၂ ရက်နေ့ကတင်သွင်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာထဲမှာ တရားရုံးရဲ့စုံစမ်းစစ်ဆေးသူတွေဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက လူထုအုံကြွမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှိတ်ဟာဆီနာနဲ့ နောက်ထပ်လူနှစ်ဦးကို လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုငါးခုနဲ့စွပ်စွဲထားပါတယ်။

စွဲချက်တွေအရ ဟာဆီနာဟာ နိုင်ငံတော်လက်နက်ကိုင်တပ်ဖွဲ့အားလုံး သူ့ရဲ့အာဝါမီလိဂ်ပါတီနဲ့ပါတီရဲ့မဟာမိတ်တွေကို လူအများအပြားသတ်ဖြတ်မှု၊ ထိခိုက်ဒဏ်ရာရမှု အမျိုးသမီးနဲ့ကလေးတွေအပေါ်ပစ်မှတ်ထားအကြမ်းဖက်မှု၊ ရုပ်အလောင်းများမီးရှို့ဖျက်ဆီးမှုနဲ့ ဒဏ်ရာရသူတွေကိုဆေးဝါးကုသခွင့်ငြင်းပယ်မှုတွေကိုဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေအတွက် ရာဇဝတ်မှုဆိုင်ရာခုံရုံးက တိုက်ရိုက်အမိန့်ပေးခဲ့တာဖြစ်ပါတယ်။