အမေရိကန်ပြည်ထောင်စု ပြည်တွင်းအခွန်များဝန်ဆောင်မှု(IRS) အလုပ်သမား ၇၀၀၀ နီးပါးကို အလုပ်ထုတ်ပစ် မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဆက်လက် အလုပ်ထုတ်သွားမယ့် အစီအစဉ်တွေကိုလည်း မကြာခင်မှာ အသေးစိတ် ထုတ်ဖော်ပြောကြားသွား မယ်လို့ ထရမ့်က ပြောကြားထားပါတယ်။ ထရမ့်ရဲ့ ဒီလို အလုပ်ထုတ်တဲ့ အစီအစဉ်တွေကြောင့် အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ အေဂျင်စီတွေကို အများဆုံး ထိခိုက်စေပြီး များစွာ ထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့ သက်ဆိုင်ရာ အေဂျင်စီတာဝန်ရှိသူတွေက ပြောပါတယ်။

IRS ရဲ့ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုတစ်ဝန်းမှာ IRS ဝန်ထမ်းစုစုပေါင်း ၉ သောင်းနီးပါးရှိပြီး အဲဒီထဲမှာ အမျိုးသမီးဝန်ထမ်း ၆၅ ရာခိုင်နှုန်း ရှိပါတယ်။