ယူကရိန်းမြို့တော် ကိယက်ဗ် အပါအဝင် အပြစ်မဲ့ အရပ်သား ပစ်မှတ်တွေကို ရုရှားက လေကြောင်းကနေ တိုက်ခိုက်နေတာဟာ ရှက်စရာကောင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အထူး ကိုယ်စားလှယ် ကိသ် ကဲလော့က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ပွဲတွေမှာ အပြစ်မဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ၁၉၇၇ ဂျီနီဗာ ငြိမ်းချမ်းရေး သဘောတူ ညီချက်ကို ရုရှားဘက်က ဗြောင် ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ် သတ်ဖြတ်တာ တွေကို ရပ်ပြီး အပစ်အခတ် ရပ်စဲရေး ချက်ချင်းလုပ်ပါလို့လည်း ကိသ် ကဲလော့က ရေးသားထားပါတယ်။ဒါဟာ ယူကရိန်း အရပ်သား ပစ်မှတ်တွေကို ၃ ရက်ဆက်တိုက် ရုရှားက လေကြောင်းကနေ တိုက်ခိုက်နေတဲ့ အပေါ် အမေရိကန်အစိုးရဘက်က ပထမဆုံး တုံ့ပြန်ဝေဖန်မှုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်ကတော့ တစ်စုံတစ်ရာ ဝေဖန်ပြောဆိုတာ မရှိသေးပါဘူး။