ရုရှားနဲ့စစ်ပွဲအပြီးသတ်နိုင်ရေးဆွေးနွေးပွဲအတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်အစိုးရတာဝန်ရှိသူ တွေနဲ့ ဒီကနေ့ သြဂုတ် ၂၈ ရက် ဆွစ်ဇာလန်မှာ တွေ့ဆုံပြီး ၂၉ ရက်မှာတော့ နယူးယောက်မှာ တွေ့ဆုံမှာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးပြောကြားခဲ့တာကို The Straits Times မှာ ဖော်ပြပါရှိပါတယ်။

အမေရိကန်သမ္မတရဲ့အထူးကိုယ်စားလှယ် မစ္စတာ Steve Witkoff (စတိဝစ်ကော့)ကလည်း ယူကရိန်း ကိုယ်စား လှယ်တွေနဲ့ ဒီအပတ်ထဲ တွေ့ဆုံမှာ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာကို အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။ယူကရိန်းစစ်ဦးစီးချုပ် Andriy Yermak (အန်ဒရီ ရာမတ်)နဲ့ကာကွယ်ရေးဝန်ကြီးဟောင်း Rustem Umerov (ရတ်စတန်ယူမတ်)တို့ဟာ ပြီးခဲ့တဲ့ ၂၆ ရက်က ကာတာမှာ အစည်းအဝေး တက်ရောက်ခဲ့ကြပြီး သြဂုတ် ၂၇ ရက်ကလည်း ဆော်ဒီအာရေဗျ အစည်းအဝေးကို ဆက်လက်တက်ရောက်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်တဲ့ အစည်းအဝေးကို ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက ပြုလုပ်ခဲ့တာ ပါ။ အမေရိကန်ဟာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ အလက်စကာမှာ တွေ့ဆုံဆွေးနွေးခဲ့သလို ယူကရိန်းနဲ့ဥရောပ မဟာမိတ်တွေ ပါဝင်တဲ့အဖွဲ့တွေနဲ့လည်း ဝါရှင်တန်မှာတွေ့ဆုံခဲ့ပါတယ်။ ထရမ့်က ရုရှား-ယူကရိန်း နှစ်နိုင်ငံကို မျက်နှာချင်းဆိုင် ဆွေးနွေးစေချင်ပေမယ့် ဖြစ်နိုင်ခြေ အလားအလာကတော့ မရှိသလောက် နည်းပါးနေတာ ဖြစ်ပါတယ်။




