ယူကရိန်းနဲ့ ဓာတ်သတ္တုဆိုင်ရာ သဘောတူညီချက်ကနေ နုတ်ထွက်ဖို အသင့်ရှိတယ်လို အမေရိကန် သမ္မတ ထရမ့်ပြောကြားကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ်လ ၁၉ ရက်က သတင်းထောက်တွေကို ပြောပါတယ်။ ညှိနှိင်းဆွေးနွေးမှုကမအောင်မြင်ခဲ့တဲ့အပြင် မြေရှားသတ္တုဆိုင်ရာ စီးပွားရေးသဘောတူညီချက်ကို ထပ်မံဆွေနွေးတော့မှာမဟုတ်တော့ဘူးလို ဆိုပါတယ်။

စီးပွားရေးတွင်းထွက်သဘောတူညီချက်ကိုကျော်လွန်သွားပါပြီလို လည်း သူကဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတနဲ့ယူကရိန်းသမ္မတတို တစ်နာရီ ကြာ ဖုန်းခေါ်ဆိုပြီးနောက် အခုလို မှတ်ချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ဆွေးနွေးမှုအတွင်း မတရားဖမ်း ဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ ယူကရိန်းကလေးငယ်တွေ မိသားစုတွေဆီပြန်လာနိုင်ရေးအတွက် ကူညီဆောင် ရွက်ပေးဖို သမ္မတ ဇယ်လန်စကီးက ပြောခဲ့သလို သမ္မတ ထရမ့်ကကူညီဆောင်ရွက်ပေးဖိုလည်း သဘောတူခဲ့ပါ တယ်။