ယီမင်အခြေစိုက် ဟူသီသူပုန်တွေရဲ့ အခြေစိုက်နေရာတွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ အများအပြား ပြုလုပ်ခဲ့တယ်လို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်ပလက်ဖောင်းမှာ ရေးသားပါတယ်။ဟူသီအဖွဲ ထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံ မြိုတော် ဆာနာနဲ့ အခြား ဟူသီအဖွဲ အခြေစိုက်စခန်းတွေကို မတ်လ ၁၅ ရက်က အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးပြီး လူ ၂၀ ဒဏ်ရာရခဲ့တယ်လို ဟူသီအဖွဲရဲ့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန်ရဲ့ စီးပွားရေးကို ဘယ်သူမှ ရပ်တန့်နိုင်စေမှာမဟုတ်သလို အမေရိကန်ရဲ့ ရေတပ်သင်္ဘောတွေ ကမ္ဘာပင်လယ်ပြင်တွေမှာ ရွက်လွှင့်နေတာကို ဘယ်အကြမ်းဖက်အဖွဲကမှ တားဆီးနိုင်မှာမဟုတ်ဘူးလို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီအဖွဲဟာ ယီမင်မြိုတော် ဆာနာနဲ့ ယီမင်နိုင်ငံ အနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားတာဖြစ်ပြီး အစ္စရေး-ဟားမာ့စ် စစ်ပွဲဖြစ်ပွားပြီးနောက် ပါလက်စတိုင်းတွေနဲ့အတူ ရပ်တည်ကြောင်း ပြခဲ့ပါတယ်။ဟူသီအဖွဲဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို ပင်လယ်နီထဲက သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟူသီအဖွဲကို ထောက်ပံ့တာ ချက်ချင်းရပ်တန့်ဖို အီရန်ကိုလည်း သတိပေးလိုက်ပါတယ်။
ဟူသီအဖွဲကတော့ အမေရိကန်ရဲ့ ဒီလိုတိုက်ခိုက်မှုကြောင့် ယီမင်ပြည်သူတွေနဲ့ ဂါဇာကမ်းမြှောင်က လူတွေအပေါ် ထောက်ခံမှု ပျက်စီးသွားမှာမဟုတ်ဘူးလို တုံပြန်ထားပါတယ်။