တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းဆက်သွယ် စကားပြောဆိုပြီးတဲ့နောက်မှာ သူ့အနေနဲ့ တရုတ်နိုင်ငံကို သွားရောက် လည်ပတ်မယ်လို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တိုဟာ ဇွန်လ ၅ ရက်က ၁ နာရီခွဲကြာအောင် ဖုန်းဆက်သွယ် စကားပြောဆိုခဲ့ပြီး ထရမ့်က သူတိုနှစ်ယောက်ကြား ဆွေးနွေးမှုက အလွန်ကောင်းခဲ့တယ်လို ညွှန်းဆိုပါတယ်။

သူတိုနှစ်ယောက် စကားပြောဆိုစဉ်အတွင်းမှာ ရှီကျင့်ဖျင်က ထရမ့်ကို တရုတ်နိုင်ငံကို လာရောက်ဖို ဖိတ်ခေါ်ခဲ့ သလို သမ္မတထရမ့်ကလည်း တရုတ်သမ္မတကို အိမ်ဖြူတော်ကို လာရောက်ဖို အပြန်အလှန် ဖိတ်ခေါ်ခဲ့တယ်လို နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး စစ်ပွဲစတင်ပြီးနောက် မနေ့က ဖုန်းခေါ်ဆိုမှုဟာ နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား ပထမဆုံး ဆက်သွယ်ဆွေး နွေးမှု ဖြစ်ပါတယ်။တရုတ်အစိုးရ မီဒီယာကတော့ ဒီဖုန်းခေါ်ဆိုမှုပြုလုပ်ဖို အိမ်ဖြူတော်ဘက်က တောင်းဆိုခဲ့တာလို ပြောပါတယ်။ ဒီဆွေးနွေးမှုမှာ ကုန်သွယ်ရေးကိစ္စတွေကို အဓိကအာရုံစိုက်ခဲ့ပြီး နှစ်နိုင်ငံလုံးအတွက် အပြုသဘောဆောင်တဲ့ ရလဒ် ရရှိခဲ့ကြောင်း ထရမ့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

သူတိုနှစ်ယောက်စလုံးက နှစ်နိုင်ငံ အပြန်အလှန် လည်ပတ်ကြဖို သဘောတူကြောင်းနဲ့ မိမိဟာ သမ္မတကတော် နဲ့အတူ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်သလို သမ္မတ ရှီကလည်း သူ့ရဲ့ဇနီးနဲ့အတူ အိမ်ဖြူတော်ကို လာရောက်ဖို မျှော်လင့်ကြောင်း ထရမ့်ကပြောပါတယ်။တရုတ်နဲ့ အမေရိကန်အကြား ပြီးခဲ့တဲ့မေလမှာ ရရှိခဲ့တဲ့ ကုန်သွယ်ရေး သဘောတူညီချက်အရ တရုတ်သွင်းကုန် တွေအပေါ် အကောက်ခွန်နှုန်းကို ထရမ့်က ယာယီ လျှော့ချပေးထားပေမယ့် အခြားညှိနှိင်းစရာတွေ အများကြီး ကျန်နေပါသေးတယ်။