သီတင်းပတ်ကုန်နှောင်းပိုင်းနဲ့ တနင်္လာနေ့တို့မှာ ဥရောပအလယ်ပိုင်းတစ်ခွင် ရိုမေးနီးယားကနေ ပိုလန်အထိ နှစ် ၂၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရတာကို ဒရုန်းနဲ့ ဗီဒီယို ရိုက်ကူးပြသခဲ့ပါတယ်။

ရိုမေးနီးယားမှာ စက်တင်ဘာ ၁၄ ရက်က မြို့ရွာတွေမှာ ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုကြောင့် လူခြောက်ယောက် သေဆုံးခဲ့ပါတယ်။ ဂါလာတီခရိုင်မှာ အိမ်ခြေ ၅,၀၀၀ လောက် ပျက်စီးခဲ့ပြီး အိမ် ၂၅,၀၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

ချက်သမ္မတနိုင်ငံနဲ့ ပိုလန်နိုင်ငံတို့အကြားမှာ တံတားတချို့ပြိုကျပြီး မော်တော်ကားတွေနဲ့ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။ ပိုလန်သမိုင်းဝင်ဒေသတစ်ခုက တံတားတစ်စင်းပြိုကျခဲ့သလို ကလော့ဇ်ကို မြို့ဟောင်းဟာလည်း မြို့ရဲ့အဓိကသချိုင်းနဲအတူ ရေအောက် ရောက်သွားခဲ့ပါတယ်။

ပိုလန်အစိုးရက သဘာဝ ဘေးဒဏ်သင့် ဒေသတွေမှာ ကပ်ဘေးအခြေအနေကြေညာခဲ့ပြီး ဒုက္ခသည်တွေကို ကူညီဖို့ ဒေါ်လာ သန်း ၂၆၀ ခွဲဝေထားပါတယ်။ ဂျာမနီမှာလည်း ဒေသအနှံ့ ရေတွေ မြင့်တက်နေပါတယ်။
ဒန်ညုမြစ်ရေ မျက်နှာပြင် မြင့် တက်နေလို့ ဆလိုဗက်ကီးယားမြို့တော် ဘရာတစ်လာပါနဲ့ ဟန်ဂေရီမြို့တော် ဘူဒါပက်စ်တို့ဟာ ရေလွှမ်းမိုးမှု ဖြစ်နိုင်ချေအတွက် ပြင်ဆင်နေပါတယ်။
ဩစတြီးယားမှာ တနင်္လာနေ့က မိုးနည်းသွားလို့ မြစ်တွေနဲ့ ရေလှောင် ကန်တွေရဲ့ ရေမျက်နှာပြင်ကျဆင်းသွားပေမယ့် နေကာ်ထပ်မိုးသည်းထန်စွာ ရွာသွန်းနိုင်သေးတာမို့ ဒုတိယလှိုင်း တစ်ခုအတွက် ပြင်ဆင်စောင့်ဆိုင်းနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။