ဝါရှင်တန်နဲ့ တီဟီရန်တို့ နျူသဘောတူညီချက်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီရန်ရဲ့နျူကလီးယားအခြေခံအဆောက်အအုံတစ်ခုတွေကို ဖျက်သိမ်းဖို့အတွက် ဧပြီ ၂၇ ရက်က ထပ်တလဲလဲ တောင်းဆိုခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်က တီဟီရန်ကို နျူလက်နက်ပိုင်ဆိုင်ခွင့် ပိတ်ပင်ထားပေမယ့် ဝါရှင်တန်ကနေ ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့အတွက် ရည်ရွယ်ပြီး အိုမန်နိုင်ငံက ကြားဝင်ဖျန်ဖြေပေးကာ ဆွေးနွေးမှုတွေ ပြုလုပ် ပေးခဲ့တာဖြစ်ပါတယ်။အခုလအစောပိုင်းက ရောမမြို့မှာ ဆွေးနွေးမှုအပြီး တီဟီရန်ကို နျူကလီးယား လက်နက်နဲ့ ပိတ်ဆို့အရေးယူမှု တွေ လုံးဝကင်းစင်သွားမှာဖြစ်ပြီး ငြိမ်းချမ်းတဲ့ နျူကလီးယားစွမ်းအင်ကို ထိန်းသိမ်း ထားနိုင်မယ့် သဘောတူ ညီချက်တစ်ရပ်ကို ဆက်လက်လုပ်ဆောင်နေတယ်လို့ အိုမန်နိုင်ငံဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ဆွေးနွေးမှုတွေ ရှိနေပေမယ့် နေတန်ယာဟုက အီရန်ရဲ့ နျူကလီးယား အခြေခံအဆောက်အအုံအားလုံးကို ဖယ်ရှားပစ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်း အမေရိကန်နဲ့ အီရန်တို့ဟာ အီရန်ရဲ့နျူကလီးယားအရေးနဲ့ပတ်သက်ပြီး သုံးကြိမ်မြောက် ဆွေးနွေးပွဲကို လာမယ့် ရက်ပိုင်းအတွင်း အိုမန်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားပြီး ဆွေးနွေးပွဲကို အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်တို့က ဦးဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။