အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမာ့စ်ရဲ့ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင် ဆာလာ့ခ် အယ်လ် ဘာဒဝီး (Salah al-Bardaweel) သေဆုံးခဲ့တယ်လို့ ဟားမက်စ်အဖွဲ့က ဒီနေ့ မတ်လ ၂၃ ရက် မနက်အစောပိုင်းမှာ အတည်ပြုပါတယ်။ဂါဇာကမ်းမြှောင်တောင်ပိုင်း ခန်းယူနစ်မြို့ကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဟားမာ့စ်ခေါင်းဆောင်နဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူပါ သေဆုံးခဲ့တာပါ။

အစ္စရေးဘက်ကတော့ ဟားမာ့စ်ခေါင်းဆောင် သေဆုံးမှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မှတ်ချက်မပေးသေးပါဘူး။ဂါဇာကျန်းမာရေး အာဏာပိုင်တွေကတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၃၂ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်ကစလို့ အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသကို ထိုးစစ်ဆင်မှုတွေ စတင်ပြုလုပ်နေတာဖြစ်ပြီး ၅ ရက်ခန့်အတွင်းမှာ ပါလက်စတိုင်း အနည်းဆုံး ၆ ရာကျော် သေဆုံးခဲ့ပါ
တယ်။ကျန်ရှိနေတဲ့ ဓားစာခံတွေကို ဟားမာ့စ်အဖွဲ့က ပြန်မလွှတ်မချင်း တိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်လာမယ်လို့ အစ္စရေးက သတိပေးထားပြီး လက်ရှိ ဟားမာ့စ်အဖွဲ့ ဖမ်းဆီးထားဆဲဖြစ်တဲ့ ဓားစာခံ ၅၉ ဦးထဲမှာ ၂၄ ဦး အသက်ရှင်နေသေးတယ်လို့ အစ္စရေးဘက်က ယုံကြည်ထားပါတယ်။