ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာ နယူးဂျာစီက သူရဲ့ ဂေါက်ရိုက်ကလပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီမိုကရက်တစ် သမ္မတလောင်း ဟဲရစ်ရဲ့ နယ်စပ်ရေးရာမူဝါဒအပေါ် ပြင်းထန်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ပြုလုပ်သွားခဲ့ပါတယ်။
ကြာသပတေးနေ့က လုပ်တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ဒုသမ္မတ ဟဲရစ်ရဲ့ သက်တမ်းအတွင်းမှာ ခန့်မှန်းခြေ လူ သန်း ၂၀ လောက်ဟာ တရားမဝင် နယ်စပ်ဖြတ် ကျော်ပြီး အမေရိကန်ပြည်ထဲကို ဝင်ရောက်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီလူတွေကို ဟဲရစ်က နိုင်ငံသားဖြစ်ခွင့်ပေး ခဲ့ပြီး အစိုးရ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် နဲ့ ဆေးဝါးကုသရေးအစီအစဉ် Medicare နဲ့ လူမှုဖူလှုံရေးခံစား ခွင့်တွေ ပေးအပ်ခဲ့တယ်လို့ ထောက်ပြဝေဖန်သွားခဲ့ပါတယ်။
အဲဒီလို ပေးအပ်တာတွေက ကျန်းမာရေးနဲ့ လူမှုဖူလှုံ ရေးစနစ်တွေကို ပျက်စီးယိုယွင်းစေမယ်လို့လည်း ထရမ့်က ပြောခဲ့ပါတယ်။
ဟဲရစ်ဟာ တရားဝင် စာရွက်စာတမ်း မပြနိုင်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဖမ်းဆီးထိန်းထိမ်းမှုကိုလည်း အဆုံးသတ်ဖို့ ဆန္ဒရှိနေပြီး ရဲတပ်ဖွဲ့ကို ဘတ်ဂျက်လျှော့ပေးဖို့ နဲ့ အမှုအခင်းတွေမှာ ငွေနဲ့ အာမခံတဲ့ စနစ်ကို အဆုံးသတ်ဖို့ တွန်းအားပေးနေသူလို့ လည်း ပြောပါတယ်။
ထရမ့်က သူသာ ထပ်အရွေးခံရရင် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို အစုလိုက်အပြုံ လိုက် မူရင်းနိုင်ငံတွေကို ပြန်ပို့ဖို့ ကတိပြုသွားပါတယ်။
စီးပွားရေးမူဝါဒပိုင်းနဲ့ ပတ်သက်ပြီးတော့လဲ ဟဲရစ်ရဲ့ အစိုးရက စျေးနှုန်းထိန်းချုပ်သတ်မှတ်မဲ့စနစ်ဟာ ကွန်မြူနစ်စျေးနှုန်းထိန်းချုပ်ရေးမူနဲ့ တူနေပြီး မာဒူရိုစီမံကိန်းလို့ ဟဲရစ်ရဲ့ စီးပွားရေးမူတွေကို ခေါ်ဆိုသွားခဲ့ပါတယ်။
ထရမ့်က သူအရွေးခံရရင် သက်တမ်းဝက်အတွင်းမှာပဲ စွမ်း အင် နဲ့ ဓာတ်အားခတွေကို လျှော့ချပေးသွားမယ်လို့လည်း ကတိပြုပြောသွားခဲ့ပါတယ်။