ခရီးသည် ၆၂ ယောက်နဲ့ ဝန်ထမ်း ၆ ယောက် လိုက်ပါလာတဲ့ Embraer ကုမ္ပဏီထုတ် အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဉ်တစ်စီးဟာ ကာဇတ်စတန်နိုင်ငံ အက်တာလ်မြို့အနီးမှာ ဒီဇင်ဘာလ ၂၅ ရက်က ပျက်ကျခဲ့လို့ ခရီးသည် ၃၈ ဦး သေဆုံးခဲ့တာကြောင့် ကာဇတ်စတန် အာဏာပိုင်တွေက လက်ရှိမှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က abc သတင်းမှာရေးသားထားပါတယ်။

အဇာဘိုင်ဂျန် လေကြောင်းလိုင်းမှာ လိုက်ပါလာတဲ့ အသက်ရှင်ကျန်ရစ်သူတွေပြောကြားချက်အရ လေယာဉ်ပျံသန်းစဉ်အတွင်း အပြင်ဘက်မှာ ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ သိရပါတယ်။လေယာဉ်ပျက်မကျခင် အချိန်ကတည်းက အပြင်ဘက်မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေကြားခဲ့ရတာကြောင့် ဒါဟာ မပျက်ကျခင်အချိန်အတွင်းမှာ ကြိုတင်အချက်ပြခဲ့တဲ့ အရိပ်လက္ခာတစ်ခုလည်းဖြစ်တယ်လို့ ခရီးသည်တွေကပြောကြပါတယ်။

Embraer 190 အမျိုးအစား၊ အဇာဘိုင်ဂျန်လေကြောင်းလိုင်းက ပြေးဆွဲတဲ့ လေယာဉ်အမှတ် J2-8243 က အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဘာကူ ကနေ ရုရှားပိုင် ချက်စ်နာ နယ်မြေရဲ့မြို့တော် ဂရော့စ်နီး ဆီကို ပျံသန်းစဉ် ခါဇတ်စတန်နိုင်ငံ Aktau မြို့နဲ့ တမိုင်ခွဲကျော်လောက်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။