လပေါင်းများစွာ တင်းမာမှုဖြစ်ပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက Shin Bet လုံခြုံရေး ဝန်ဆောင်မှုအကြီးအကဲ Ronen Bar ကို ဖယ်ရှားဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ကြေညာခဲ့တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။

နေတန်ယာဟုက Bar နဲ့တွေ့ဆုံခဲ့ပြီး အဖွဲ့ကို အခုသီတင်းပတ်အတွင်း ဖယ်ရှားဖို့ အဆိုပြုသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတစ်ယောက်က အတည်ပြုပြောကြားထားပါတယ်။ဘားကို ဖယ်ရှားဖို့အတွက် အစိုးရအဖွဲ့ရဲ့ အများစုထောက်ခံမှုရရှိထားပြီး အဲဒီအပြောင်းအရွှေ့ကိစ္စက အစ္စရေး တရားရုံးချုပ်အထိ အယူခံဝင်နိုင်ချေရှိတယ်လို့လည်း နေတန်ယာဟုက ပြောကြားထားပါတယ်။

မတ်လ ၁၆ ရက်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယို ကြေညာချက်တစ်ခုမှာ နေတန်ယာဟုဟာ ဘားကို ဆက်လက် မယုံကြည်တာကြောင့် စောင့်ကြည့်ပြီး အခုလိုဖယ်ရှားဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ဂါဇာကမ်းမြောင်ဒေသက အစ္စရေးရဲ့စစ်ပွဲပန်းတိုင်တွေ အောင်မြင်စေဖို့နဲ့ “နောင်ဖြစ်လာမယ့် ဘေးဥပဒ်ကို ကာကွယ်ဖို့” အတွက်ရည်ရွယ်ပြီး ဘားကိုဖယ်ရှားသွားမှာဖြစ်တယ်လို့လည်း နေတန်ယာဟုက ထပ်လောင်း ပြောကြားထားပါတယ်။