လက်ဘနွန်တပ်ဖွဲ့တွေဟာ စက်တင်ဘာ ၁၉ ရက်က အစ္စရေးနဲ့နယ်စပ်အနီး တောင်ပိုင်းက ကာလာယာမြို့မှာ ဆက်သွယ်ရေးကိရိယာတစ်ခုရဲ့ ဘက်ထရီတွေကို ထိန်းချုပ်ဖောက်ခွဲခဲ့ပါတယ်။
လက်ဘနွန်မှာ ကြိုးမဲ့ ဆက်သွယ် ရေးကိရိယာတွေ နှစ်ရက်ဆက် ပေါက်ကွဲခဲ့ပြီး နောက်တစ်ရက်မှာ အခုလို ဖောက်ခွဲရှင်းလင်းခဲ့တာပါ။ ပေါက်ကွဲ နိုင်တယ်လို့ သံသယရှိတဲ့ ကြိုးမဲ့ဆက်သွယ်ရေးကိရိယာတွေကို ထိန်းချုပ်ဖောက်ခွဲရှင်းလင်းမှုတွေ ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၉ ရက်ကပဲ ဟစ်ဇ်ဘိုလာအဖွဲ့ဝင် အလီမိုဟာမက် ချာဘီရဲ့ ဈာပန အခမ်းအနားကို ကဖာမာလ်ကီမြို့မှာ ကျင်းပခဲ့ပါတယ်။
စက်တင်ဘာ ၁၈ ရက်က ဘေရွတ်မြို့ ဆင်ခြေဖုံးနဲ့ ဘီကာ တောင်ကြားမှာ လမ်းလျှောက်စကားပြောစက်တွေ ပေါက်ကွဲလို့ ချာဘီအပါအဝင် လူ ၂၅ ယောက် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်ကစတဲ့ ဂါဇာစစ်ပွဲနဲ့အပြိုင် အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတွေအကြား နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အခု အချိန်ထိ လက်ဘနွန်ရဲ့ အသေအပျောက်အများဆုံးနေ့ ဖြစ်ခဲ့ပါတယ်။
စက်တင်ဘာ ၁၇ ရက်ကလည်း မိုဘိုင်းလ် ဖုန်းစောင့်ကြည့်မှုကို ရှောင်ရှားဖို့ ဟစ်ဇ်ဘိုလာတွေ သုံးစွဲတဲ့ ရာနဲ့ချီတဲ့ ပေဂျာဆက်သွယ်ရေးကိရိယာတွေ ပေါက်ကွဲခဲ့လို့ ကလေးနှစ်ယောက်အပါအဝင် လူ ၁၂ ယောက် သေဆုံးကာ ၃၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့
ပါတယ်။
ဒီဖောက်ခွဲမှုတွေကို အစ္စရေးရဲ့ မော့ဆက်ထောက်လှမ်းရေးက လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောဆိုပြီး အစ္စရေးကတော့ ဒီကိစ္စအပေါ် တိုက်ရိုက်မှတ်ချက်ပေးတာ မရှိပါဘူး။