ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သြဂုတ် ၄ ရက်က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေမှာ လူတစ်ဒါဇင်ထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်သူတွေဟာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဟာဆီနာကို ဝေဖန်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ရှိတ်ဟာဆီနာရဲ့ အစိုးရဟာ လှုပ်ရှားမှုကို ဖြိုခွင်းဖို့အတွက် အင်အား အလွန်အကျွံအသုံးပြုနေတယ်လို့ စွပ်စွဲခဲ့တာကိုတော့ သူနဲ့ သူရဲ့ဝန်ကြီးတွေက ငြင်းဆိုထားပါတယ်။
အင်တာနက်ဝန်ဆောင်မှုတွေကို ပိတ်ပစ်ဖို့ အစိုးရကို ဆုံးဖြတ်ခဲ့စေတဲ့ မငြိမ်မသက်မှုတွေက အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ သပိတ်မှောက်ခဲ့တဲ့ ဇန်နဝါရီလက ရွေးကောက်ပွဲဟာ ဟာဆီနာ လေးကြိမ်မြောက် အနိုင်ရပြီးနောက် အကြီးမားဆုံး စမ်းသပ်မှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက အနည်းဆုံး လူ ၁၅၀ သေဆုံး ပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိစေခဲ့တဲ့ အစိုးရ အလုပ်အကိုင် ခွဲတမ်းကို ဆန့်ကျင်တဲ့ ကျောင်းသားအုပ်စုတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဖြိုခွင်းမှုအတွင်း ဖမ်းဆီးခံရသူ ၁၀,၀၀၀ လောက် ရှိခဲ့တယ်လို့ သိရပါတယ်။