ဇူလိုင် ၄ ရက်က ကျင်းပတဲ့ ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ လေဘာပါတီက ပထမဆုံးအနိုင်ရတဲ့ မဲဆန္ဒ နယ်တွေ ထွက်ပေါ်လာပြီးနောက် လေဘာပါတီအပြတ်အသတ်နိုင်ရမယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။

အင်္ဂလန်မြောက်ပိုင်းက ဟောက်တန်နဲ့ ဆန်းဒါးလန်းတောင်ပိုင်းအမတ်နေရာတွေမှာ Reform UK ပါတီက ကိုယ်စားလှယ်လောင်းကို လေဘာကိုယ်စားလှယ်က အနိုင်ရခဲ့ပါတယ်။ ပါလီမန်မှာ အမတ်နေရာ ၆၅၀ ရှိတဲ့ အနက် ဗဟိုလက်ဝဲလေဘာပါတီက နေရာ ၄၁၀ ရရှိမယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။

အခုဖြစ်ရပ် ဟာ ၁၉၃၅ ခုနှစ် နောက်ပိုင်း ကွန်ဆာဗေးတစ်ပါတီရဲ့ အဆိုးဆုံးစွမ်းဆောင်ရည်ကို ကြုံတွေ့ခဲ့ရတာဖြစ်သလို အရင်ငါးနှစ်ကထက် အံ့အားသင့်စရာ ပြောင်းပြန်လှန်မှုတစ်ခု ဖြစ်ပါတယ်။ ၁၃၁ နေရာသာ ရနိုင်တဲ့ ကွန်ဆာ ဗေးတစ်ပါတီအတွက် ကြောက်စရာကောင်းတဲ့ညလို့ အမတ် ဟောင်းတစ်ယောက်က ပြောပါတယ်။

ရလဒ်အရ ကီးရ် စတာနာ ဟာ ဝန်ကြီးချုပ်အသစ် ဖြစ်လာမှာဖြစ်ပြီး ကွန်ဆာဗေးတစ် ဦးဆောင်တဲ့ အစိုးရ ၁၄ နှစ်တာ စိုးမိုးခဲ့တာကို အဆုံးသတ်သွားစေမယ်လို့ ရိုက်တာက ဖော်ပြခဲ့ပါတယ်။ လေဘာပါတီကို ယုံကြည်မှုပေးသူတိုင်းကို ကျေးဇူးတင်တယ်လို့ စတာမာက လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။