အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ ပြီးခဲ့တဲ့လက အနည်းဆုံးလူ ၅၆ ယောက် သေဆုံးပြီးနောက် ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဦးနှောက်ရောင်ရောဂါအတွက် စောင့်ကြည့်စစ်ဆေးမှုကို ဇူလိုင် ၃၁ ရက်က အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။
သဲယင်ကောင်တွေနဲ့ မှက်တွေကတစ်ဆင့် ကူးစက်လေ့ရှိတဲ့ အဲဒီရောဂါကြောင့် အဖျားကြီးပြီး ရောဂါဖြစ်စဉ်အများအပြားမှာ ဦးနှောက်ကိုထိခိုက်ခဲ့တာကိုတွေ့ရပါတယ်။
မုတ်သုံရာသီအတွင်း အိန္ဒိယနိုင်ငံရဲ့ နေရာအတော်များများမှာ ဦးနှောင်ရောင်ရောဂါ အဖြစ်များလေ့ရှိပါတယ်။

ဂူဂျာရတ်မှာ သေဆုံးမှု အများစုကတော့ ရောဂါပုံစံအသစ်ဖြစ်တဲ့ ချန်ဒီပူရ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ၁၅ နှစ်အောက် ကလေးအများစုကို ထိခိုက်စေနိုင်ပါတယ်။
ပြီးခဲ့တဲ့လအတွင်း သေဆုံးသူ ၅၆ ယောက်အနက် လေးပုံတစ်ပုံဟာ ချန်ဒီပူရ ဗိုင်းရပ်စ် ကြောင့် သေဆုံးခဲ့ကြောင်း ဂူဂျာရတ်ကျန်းမာရေးကော်မရှင်နာမင်းကြီးက အတည်ပြုခဲ့ပါတယ်။
မဟာရက်ရှထရာပြည်နယ် အနောက်ဘက်က မြို့ငယ်လေးတစ်မြို့ကို အစွဲပြုခေါ်ဝေါ်တဲ့ ချန်ဒီပူရ ဗိုင်းရပ်စ် ကြောင့် ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုကို ကြိုကြားသိရှိခဲ့ပြီး နိုင်ငံအနောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာ ဖြစ်ပွားမှုတွေရှိတယ်လို့ ပြီးခဲ့တဲ့အပတ်က ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။