ပါလက်စတိုင်းဆန္ဒပြပွဲတွေမှာပါဝင်တဲ့ နိုင်ငံသားမဟုတ်တဲ့ ကျောင်းသားတွေ ဒါမှမဟုတ် အခြားသူတွေကို ပြည်နှင်ဒဏ်ပေးမယ်လို့ ထရမ်က ကတိပြုပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်က ကိုးကွယ်ယုံကြည်မှုဆန့်ကျင်ရေးဆိုင်ရာ အုပ်ချုပ်မှုအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ နိုင်ငံသား မဟုတ်တဲ့ ကောလိပ်ကျောင်းသားတွေနဲ့ အခြားသူတွေကို ပြည်နှင်ဒဏ်ပေးမယ်လို့ ထရမ့်က အမိန့်ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။

မတူကွဲပြားမှု၊ အားလုံးပါဝင်ခွင့်၊ သာတူညီမျှခွင့်၊ အလွယ်တကူ ရပိုင်ခွင့် အစီအစဉ်တွေကို အမေရိကန် သမ္မတအမိန့်နဲ့ ရပ်ဆိုင်းလိုက်သလို ဒီအစီအစဉ်ရဲ့အောက်ကနေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစွန်းရောက်ဝါဒတွေ ကူးစက်ခံနေရတဲ့ ကောလိပ်ကျောင်းတွေရဲ့ ကျောင်းသားဗီဇာကို လည်း အမြန်ဖျက်သိမ်းမှာ ဖြစ်တယ်လို့ ထရမ့်က ပြောကြားထားပါတယ်။