ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နိုင်ငံကနေ ထွက်ပြေးရပြီး လွှတ်တော်ကိုပါ ဖျက်သိမ်းထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုဘယ်ဆုရှင် မူဟာမက် ယူနွတ်ဟာ ကြားဖြတ်အစိုးရရဲ့ ထိပ်တန်း အကြံပေးအရာရှိချုပ်ဖြစ်လာမယ်လို့ ဘင်ဂတ် ဘာဘန်း သတင်းစာကို ကိုကားပြီး ရိုက်တာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးက နုတ်ထွက်ကာ နိုင်ငံက ထွက်ခွာသွားပြီးနောက် ကြားဖြတ်အစိုးရ ဖွဲ့စည်းမယ်လို့ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ် ကြီး ဝါကာ အုဇာမန်က ပြောထားပါတယ်။
မြို့တော် ဒါကာမှာ တနင်္ဂနွေနေ့က အဓိကရုဏ်းတွေကြောင့် လူ ၉၁ ယောက်ထက်မနည်း သေဆုံးပြီး နောက်တစ်နေ့မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေက လမ်းမတွေပေါ် စုဝေးပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ တရားဝင် နေအိမ်ကို ချီတက်ခဲ့ကြပါတယ်။
အဲဒီနောက် ဟာဆီနာဟာ ရာထူးက နုတ်ထွက်ပြီး သူမရဲ့ အစ်မနဲ့အတူ စစ်ဘက်ရဟတ်ယာဉ်နဲ့ အိန္ဒိယကို ဦးတည်ထွက်ခွာသွားတယ်လို့ မီဒီယာ တွေက ဖော်ပြခဲ့ပါတယ်။