ရုရှားစစ်တပ်က ယူကရိန်းမှာ အောင်ပွဲရဖို့အတွက် အခုနှစ်မှာ ဒရုန်းထုတ်လုပ်မှုကို ဆယ်ဆလောက်အထိ မြှင့်တင် နေပြီး အရေအတွက် ၁ ဒသမ ၄ သန်းနီးပါးအထိ ထုတ်လုပ်သွားမယ်လို့ သမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၁၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။

၂၀၂၃ ခုနှစ်မှာ အမျိုးအစားစုံလင်တဲ့ မောင်းသူမဲ့လေယာဉ် ၁၄၀၀၀၀ လောက် ကို လက်နက်ကိုင်တပ်ဖွဲ့တွေဆီ ပို့ဆောင်ခဲ့တယ်လို့လည်း သမ္မတ ပူတင်က ပြောပါတယ်။ ဒီနှစ်မှာတော့ ဒရုန်း တွေ ထုတ်လုပ်မှုကို သိသိသာသာ တိုးလာဖို့ စီစဉ်ထားပြီး ၁၀ ဆနီးပါးအထိ တိုးမြှင့်ထုတ်လုပ်သွားမယ်လို့ ဆိုပါ တယ်။
စိန့်ပီတာစဘတ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပူတင်က စစ်မြေပြင်မှာ တောင်းဆိုချက်တွေကို ပိုမြန် အောင် တုံ့ပြန်နိုင်တဲ့သူက အနိုင်ရမယ်လို့လည်း ပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ ယူကရိန်း-ရုရှားစစ်ပွဲမှာ ကီလိုမီတာ ၁၀၀၀ လောက်ရှိတဲ့ ရှေ့တန်းစစ်မျက်နှာတစ်လျှောက် သိန်းချီတဲ့ စစ်သည် တွေဟာ အမြောက်တွေ ဒရုန်းတွေ အများအပြားသုံးပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံး ဟာ ပြည်ပက ဒရုန်းတွေကို ဝယ်ယူခဲ့သလို အမြောက်တွေ လက်နက်တိုက်တွေကို ဖျက်ဆီးတာ၊ စွမ်းအင် အခြေခံ အဆောက်အအုံနဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်တာတွေအထိ လုပ်ဆောင်ဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်မှု ကိုလည်း မြှင့်တင်ခဲ့ကြပါတယ်။