အမေရိကန်သမ္မတဒေါ်နယ်ထရမ့် သတ်မှတ်လိုက်တဲ့ အခွန်တိုးမြှင့်ကောက်ခံမှု မူဝါဒတွေက Elon Musk ဦးဆောင်တဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla လုပ်ငန်းလည်ပတ်မှုအပေါ် များစွာထိခိုက်လာနိုင်တယ်လို့ ကုမ္ပဏီ တာဝန်ရှိသူ တွေက ပြောကြားလာတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။

ထရမ့်ကြောင့် အမေရိကန်က ထုတ်လုပ်သူတွေအပေါ် နိုင်ငံတကာက လက်တုံ့ပြန်တဲ့ စည်းကြပ်ခွန်တွေက သူ့ရဲ့ လုပ်ငန်းလည်ပတ်မှုကို ထိခိုက်နိုင်သလို အမေရိကန်ရဲ့ ကုန်သွယ်ရေးမူဝါဒတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တာကြောင့် အထူးဂရုစိုက်ဖို့ အီလွန်မတ်စ်က ပြောကြားလာတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer က “ အမေရိကန်က ထုတ်လုပ်သူ တွေနဲ့ တင်ပို့သူတွေအနေနဲ့ တရားမျှတမှုမရှိတဲ့ အခွန်ကောက်ခံမှုတွေကို အထူးဂရုစိုက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Tesla ကုမ္ပဏီကလည်း တရားမျှတဲ့ကုန်သွယ်မှုရဲ့အရေးပါမှုကို အသိအမှတ်ပြု ထောက်ခံသလို တရားမျှတမှုမရှိတဲ့ ကုန်သွယ်မှု မူဝါဒတွေကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ဖို့အတွက်လည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ထုတ်ပြန် ထားပါတယ်။

အမေရိကန်ဟာ အခွန်အကောက်ဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေကို ပစ်မှတ်ထားနေသလို တင်သွင်းလာတဲ့ လျှပ်စစ်ကားတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံတာမျိုးလို ပစ်မှတ်တွေ ထပ်မံဆောင်ရွက် လာရင် အခြားနိုင်ငံတွေကလည်း ချက်ချင်းတုံ့ပြန်မှုလာမှာကို Tesla ကုမ္ပဏီက စိုးရိမ်နေတာဖြစ်ပါတယ်။