တူကီယဲနိုင်ငံမှာ အပန်းဖြေ နှင်းလျှောစီးစခန်း မီးလောင်မှုအတွင်း အနည်းဆုံး လူ(၇၆)ယောက် သေဆုံးသွားပြီး လူတချို့ ပြတင်းပေါက်တွေကနေ ခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီမီးဟာ သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ (၁၂) ထပ် ဂရန်း ကာတဲလ် ဟိုတယ်မှာ အင်္ဂါနေ့ ဒေသစံတော်ချိန် မွန်းလွဲ (၃)နာရီကျော်မှာ ဖြစ်ပွားခဲ့တာပါ။ လူသူ စည်ကားတဲ့ အားလပ်ရက် အခါသမယဖြစ်လို့ အဲဒီအပန်းဖြေစခန်းမှာ လူပေါင်း(၂၀၀) ရှိနေချိန်လည်း ဖြစ်နေပါ တယ်။ ပထမပိုင်းမှာ သေဆုံးသူ (၁၀)ယောက်သာရှိပေမဲ့ အနည်းဆုံး လူ(၂)ယောက်နဲ့အထက်ဟာ မီးလောင်နေတဲ့ ဟိုတယ် ကနေ လွတ်မြောက်ဖို့ အောက်ကို ခုန်ချခဲ့တဲ့အတွက် သေဆုံးသူ အရေအတွက် တိုးလာခဲ့တာပါ။

အဲဒီမီးကို (၁၂) နာရီကြာ အချိန်ယူငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် အပန်းဖြေစခန်းပိုင်ရှင် အပါအဝင် လူ(၉) ယောက် ကို ဖမ်းဆီးထားတယ်လို့ တူကီယဲ တရားရေးဝန်ကြီးက ပြောပါတယ်။