တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဖီဂျီဝန်ကြီးချုပ် ဆီတီဗနီ ရာဘူကာနဲ့ ပေကျင်းမြို့က ပြည်သူ့မဟာခန်းမဆောင်မှာ သြဂုတ် ၂၀ ရက်က တွေ့ဆုံခဲ့ပါတယ်။ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတဲ့ ကမ္ဘာကြီးအတွင်း နိုင်ငံတွေရဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့အတွက် တရုတ်နိုင်ငံဟာ ဖီဂျီနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ရှီက ပြောပါတယ်။
မဟာဗျူဟာ ကျတဲ့ ပစိဖိတ်ကျွန်းစုတွေမှာ တရုတ်နဲ့ အမေရိကန်တို့ ဩဇာလွှမ်းမိုးဖို့ ပြိုင်ဆိုင်နေကြချိန်မှာ တရုတ်နိုင်ငံကို ဖီဂျီခေါင်းဆောင်အနေနဲ့ ပထမဆုံး လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ရာဘူကာရဲ့ ခရီးစဉ်က သြစတြေးလျနိုင်ငံ ကျောထောက်နောက်ခံပြု ဒေသဆိုင်ရာမူဝါဒ အဆိုပြုချက်ကို ထည့်သွင်းစဉ်းစားဖို့ ပစိဖိတ်ကျွန်းတွေရဲ့ ဖိုရမ် ခေါင်းဆောင်တွေ မတွေ့ဆုံခင် နှစ်ပတ်အလိုမှာ ပေါ်ပေါက်လာတာပါ။
၂၀၂၂ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ရာဘူကာဟာ ကျွန်းစုဒေသမှာ စစ်အင်အားသုံးမှု ရှောင်ရှားဖို့အတွက် အဓိက အင်အားကြီးနိုင်ငံအားလုံးနဲ့ ထိတွေ့ဆက်ဆံတဲ့ ငြိမ်းချမ်းရေးသမုဒ္ဒရာ နိုင်ငံခြားရေးမူဝါဒကို ပစိဖိတ်ခေါင်းဆောင်တွေဆီ အဆိုပြုထား ပါတယ်။