ဆွစ်ဇာလန်နိုင်ငံမှာ ဇွန်လ ၃၀ ရက်က ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းတွေနဲ့ ဆီးနှင်းတွေ အရည်ပျော်ကျမှုကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့လို့ လူလေးယောက် သေဆုံးပြီး နှစ်ယောက်ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆစ်တောင်ပိုင်း ခရိုင်နှစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အီတလီနိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာလည်း သက်ရောက်ခဲ့ တယ်လို့ ဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံ အနောက်တောင်ပိုင်း ဗီလာအစ်ခရိုင်က အဲလ်ပိုင်းမြိုက ဟိုတယ်တစ်ခုမှာ အမျိုးသားတစ်ယောက် သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

အဲဒီအမျိုးသားဟာ ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်လို့ နှင်းတွေအရည်ပျော်ပြီး ရေကြီးလာတဲ့အပေါ် အကြောက်လွန်သွား ပုံ ရတယ်လို့လည်း ပြောပါတယ်။ မက်ဂီယာတောင်ကြားမှာလည်း မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၃ ယောက် အသက် ဆုံးရှုံးခဲ့သလို တခြားလူတစ်ယောက်လည်း ပျောက်ဆုံးနေတယ်လို့ တီချီနိုရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ရဟတ်ယာဉ်တစ်စင်းက ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုမှာ ဗီလာအစ်ခရိုင်က မြို့နှစ်မြို့မှာ ရေလွှမ်းဧရိယာက လူတွေကို ကယ်ဆယ်ရေးသမားတွေက လေကြောင်းကနေ ကယ်ထုတ်တာကို မြင်ရပါတယ်။ ဒေသတွင်း ဘောလုံးပြိုင်ပွဲကျင်းပမယ့် ဧရိယာအတွင်းက လူ ၃၀၀ လောက်ကိုလည်း မကြာခင်မှာ ဘေးလွတ်ရာကို လေယာဉ်နဲ့ ပို့ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။