အမေရိကန်လုပ် ဆီမီးကွန်ဒပ်တာ တင်ပို့မှုကို အမေရိကန်အစိုးရက ထိန်းချုပ်ကန့်သတ်မှုအသစ်တွေ လုပ်လာ တာမှာ တရုတ်အစိုးရဘက်ကလည်း အဲဒီပစ္စည်းတွေ ထုတ်လုပ်ရာမှာ သုံးတဲ့ ကုန်ကြမ်းရောင်းချမှုကို အင်္ဂါနေ့မှာ တားမြစ်လိုက်ပါတယ်။
မကြာခင်မှာ ရာထူးသက်တမ်းကုန်ဆုံးတော့မဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်အစိုးရရဲ့ အခုလို ထိန်းချုပ်ကန့်သတ်မှု အသစ်တွေ ချမှတ်မှုကြောင့် အမေရိကန်နဲ့ တရုတ်အကြား နိုင်ငံရေးအရ တင်းမာမှုကို အရှိန်မြင့်တက်စေခဲ့ပါ တယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ဆီမီးကွန်ဒပ်တာ ပြုလုပ်တဲ့ ကိရိယာ အမျိုးအစား နှစ်ဒါဇင်ကျော် ရောင်းချမှုနဲ့ တရုတ်ကုမ္ပဏီ အများအပြားကို အမေရိကန် နည်းပညာတွေ ရယူပိုင်ခွင့် ကန့်သတ်တားမြစ်တဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ထိန်းချုပ်မှုအသစ် တွေရဲ့ ရည်ရွယ်ချက်ဟာ အဆင့်မြင့် အေအိုင်နည်းပညာ တီထွင်ထုတ်လုပ်မှုမှာ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေဖို့နဲ့ တရုတ်ပြည်တွင်းက ဆီမီကွန်ဒပ်တာ ထုတ်လုပ်ရေးလုပ်ငန်းကို ထိန်းချုပ် လျှော့ချဖို့ ဖြစ်တယ်လို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ အဲဒီလုပ်ရပ်ကို တရုတ်ကုန်သွယ်ရေးဝန်ကြီး ဌာနက ရှုတ်ချလိုက်ပြီး အမေရိကန်ဟာ ပြည်ပပို့ကုန်ထိန်းချုပ်မှုကို တလွဲအသုံးချပြီး ကမ္ဘာလုံးဆိုင်ရာ စက်မှု လုပ်ငန်းနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တည်ငြိမ်မှုကို ခြိမ်းခြောက် နေတယ်လို့ ပြောထားပါတယ်။ အဲဒီနောက် တရုတ်အစိုးရက ဆီမီးကွန်ဒပ်တာ ထုတ်လုပ်ရာမှာ မရှိမဖြစ် အရေးပါ တဲ့ ကုန်ကြမ်းရောင်းချမှုကို တားမြစ်ကန့်သတ်လာတာ ဖြစ်ပါတယ်။