ဂါဇာ ကမ်းမြောင်ဒေသမြောက်ပိုင်းကို ဧပြီလ ၁၅ ရက်နေ့က အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ရောက်ရှိလာကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။

အစ္စရေး၀န်ကြီးချုပ်ရဲ့ ဂါဇာမြောက်ပိုင်းခရီးစဉ်အတွင်း ကာကွယ်ရေးဝန်ကြီး၊ စစ်ဘက်ဆိုင်ရာ အကြီးအကဲနဲ့ တခြားအကြီးတန်းအရာရှိတွေ လိုက်ပါသွားခဲ့တယ်လို့သိရပါတယ်။

ကျွန်တော်တို့ရဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ တောင်းဆိုထားပြီး စစ်ပွဲအတွက် ရည်မှန်းချက်တွေအားလုံးကို အကောင်အထည်ဖော်ဖို့ အခိုင်အမာ တောင်းဆိုထားသလို သူရဲကောင်းဆန်တဲ့ တိုက်ခိုက်ရေးသမားတွေကို ကျေးဇူးတင်ရှိပါတယ် လို့ နေတန်ယာဟုကပြောကြားထားပါတယ်။

လက်ရှိမှာ ဟားမတ်စ်အဖွဲ့က ထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံ ၅၉ ဦး ရှိပြီး သူတို့ကို အမြန်ဆုံး ဘေးအန္တရယ်ကင်းစွာ လွှတ်ပေးနိုင်ဖို့အတွက် အစ္စရေးဝန်ကြီးချုပ်က တောင်းဆိုထားပါတယ်။