ကနေဒါနိုင်ငံ လစ်ဘရယ်ပါတီ ခေါင်းဆောင်အဖြစ် Mark Carney ကို ပါတီဝင်တွေက ရွေးချယ်လိုက်တယ်လို့ Reuters သတင်း မှာ ဖော်ပြပါတယ်။ ကနေဒါရဲ့ အာဏာရ လစ်ဘရယ်ပါတီခေါင်းဆောင် ရွေးကောက်ပွဲမှာ ဗဟိုဘဏ် အကြီးအကဲဟောင်း Mark Carney အနိုင်ရသွားပြီး ဝန်ကြီးချုပ် Justin Trudeau ရဲ့ ရာထူးကို ဆက်ခံ မှာဖြစ်တယ်လို့ တရားဝင်ရလဒ်တွေအရ ဖော်ပြလာကြပါတယ်။

လက်ရှိ ရွေးကောက်ပွဲမှာ ဦးဆောင်နေတဲ့ ကွန်ဆာဗေးတစ်ပါတီမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပေမယ့် Carney ကလစ်ဘရယ် ပါတီခေါင်းဆောင်အဖြစ် ချက်ချင်းတာဝန်ယူရမှာဖြစ်ပြီး ဆက်ခံမယ့် အသွင်ကူးပြောင်းရေးကာလအတွင်းမှာလည်း ကနေဒါဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကနေဒါကနေ တရားမဝင် fentanyl စီးဆင်းမှုကို ဟန့်တားဖို့အတွက် ကနေဒါသွင်းကုန်တွေအပေါ် တင်းတင်းကျပ်ကျပ်အခွန်စည်းကြပ်မယ်လို့ ခြိမ်းခြောက်ခဲ့တာတွေ ရှိနေပါတယ်။

ဆန္ဒမဲရလဒ်အပြီး Carney က အမေရိကန်နဲ့လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို အကောင်းဆုံးဖြေရှင်းသွားမှာ ဖြစ်သလို ယုံကြည်စိတ်ချရတဲ့ ကုန်သွယ်ဖက်တွေနဲ့ ကုန်သွယ်မှုဆက်ဆံရေးအသစ်တွေကိုလည်း ဖန်တီးပေးသွားမှာဖြစ်တယ်လို့ ကတိပြုပြောကြားထားပါတယ်။ အမေရိကန်က ကျွန်တော်တို့ကို လေးစားမှု မပြမချင်း အမေရိ ကန်အပေါ် လက်တုံ့ပြန်တဲ့ စည်းကြပ်ခွန်တွေ ဆက်ထားမယ်လို့လည်း သူက ထပ်လောင်း ကတိပြုထားပါတယ်။