မန္တလေးမြို့မှာ ပြီးခဲ့တဲ့မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ Sky Villa Condo ထဲကနေ ဧပြီ(၂၂) ရက်၊ နေ့လယ်ပိုင်းအထိ အသက်ရှင်သူ (၅၂)ယောက်နဲ့ သေဆုံးရုပ်အလောင်း (၁၀၃)လောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ငလျင်ကြီးကြောင့် ပြိုကျပျက်စီးတဲ့နေရာတွေကို အခုအခါ ရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြ တာဖြစ်ပါတယ်။ ရှင်းလင်းရေးလုပ်ငန်းတွေကို Myanmar Rescue Team ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မန္တလေးမြို့တော်စည်ပင်က ဝန်ထမ်းအင်အား၊ စက်ယန္တရားတွေနဲ့ လုပ်ဆောင်နေတာပါ။

ငလျင်ကြောင့် ပြိုကျ ပျက်စီးခဲ့ရတဲ့ Sky Villa Condo ကို မတ်လ ၂၈ ရက်က စတင်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ရုပ်အလောင်းကျန်ရှိတဲ့ အဆောက်အဦတွေ ကို ပယ်ဖျက်ရှင်းလင်းရေးနဲ့ ရုပ်အလောင်း ထုတ်ယူနိုင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။