မန္တလေးမြို၊ မဟာအောင်မြေမြိုနယ်ရှိ ငလျင်ဘေးသင့် ကယ်ဆယ်ရေး စခန်းတစ်ခုမှာ မေ ၁၇ ရက်၊ ညသန်းခေါင်ယံ ၁၂ နာရီခွဲလောက်က မိုးရွာသွန်းမှု ကြောင့် ကုက္ကိုပင် လဲကျရာမှ လူနှစ်ယောက် သေဆုံးခဲ့တယ်လို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲက ထုတ်ပြန် ပါတယ်။

မဟာအောင်မြေမြိုနယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနဲ့ ၈၉ လမ်းထောင့်ရှိ အဘယာရာမ ရွှေဂူကျောင်းတိုက် အတွင်းရှိ ငလျင်ဘေးသင့် ကယ်ဆယ်ရေးစခန်းမှာ လုံးပတ် (၅)ပေခန့် ၊ အမြင့် ပေ(၄၀) ရှိ ကုက္ကိုပင်ဟာ မိုးရွာသွန်းမှုကြောင့် အမြစ်ခြေကနေ လှန်ပြီး လဲကျခဲ့တာလို ဆိုပါတယ်။အဲဒီလို လဲကျရာမှာ ယာယီလူနေမိုးကာတဲပေါ်ကို ပိမိခဲ့တဲ့အတွက် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲက သွား ရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက် ခဲ့ပါတယ်။ဖြစ်စဉ်ကြောင့်အမျိုးသား (၁)ယောက် ၊ အမျိုးသမီး (၁)ယောက် သေဆုံးခဲ့ပြီး မိုဃ်းကောင်းရသ လူမှု ကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံးကြီးကို ပိုဆောင်ပေးခဲ့တယ်လို ထုတ်ပြန် ချက်အရ သိရပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြိုအနီးကို ဗဟိုပြုပြီး မေ ၁၇ ရက်၊ ည ၁၀ နာရီ ၂၄ မိနစ်က အင်အား ရစ်ခ်တာ စကေး ၅ ဒသမ၂ ရှိတဲ့ ငလျင်တစ်ခု လှုပ်ရှားခဲ့ပြီး အဲဒီ ငလျင်လှုပ်ခတ်မှုကို ကူမဲ၊ မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)က မြိုနယ်တချိုကပါ သိသာစွာ ခံစားလိုက်ရတယ်လို ဒေသခံတွေက ပြောပါတယ်။