နိုင်ငံကျော် အဆိုတော် စိုင်းဆိုင်မော့ဝ်ဟာ ဇူလိုင် ၁၇ ရက်၊ ည ၇ နာရီကျော်လောက်က အင်းစိန်မြို့နယ် ကောင်း အထူးကုဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
အဆိုတော် စိုင်းဆိုင်မော့ဝ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်ပြီး လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။
ဈာပနကိုတော့ ဇူလိုင် ၂၀ ရက်မှာ ပြုလုပ်ဖို့ ရှိပြီး ရက်အပြောင်းအလဲ ရှိရင်တော့ အသိပေးသွားမှာ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
အဆိုတော် စိုင်းဆိုင်မော့ဝ်ဟာ သီချင်းပေါင်း များစွာကို ကိုယ်တိုင်ရေးစပ် သီဆိုခဲ့သူဖြစ်ပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ သီချင်းတွေကတော့ ရှမ်းပဲပုတ် လေးကျွန်တော် ၊မောင်ပေးတဲ့အချစ် ပြန်ဆပ်ခဲ့ပါ ၊ စိုင်းချစ်တဲ့ ရတနာ ၊ တောင်ပြာတန်းက သိတယ်၊ ချယ်ရီ သက်သေမောင့်မျက်ရည်၊ ချစ်ဇနီးအတွက် တေး၊ တစ်ရွာသားနဲ့ပုဝါပါး စတဲ့ သီချင်းပေါင်းများစွာကို သီဆိုခဲ့တဲ့ အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။