အခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းတွေမှာ မတက်ရောက်နိုင်တဲ့ မသန်စွမ်းနဲ့ မျက်မမြင် ကျောင်းသား၊ ကျောင်းသူတွေကို ခေါ်ယူနေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ပါတယ်၊၊မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်)နဲ့ (မန္တလေး)တို့မှာ တက်ရောက်ဖို့အတွက် ကိုယ်အင်္ဂါနဲ့ ဉာဏ်ရည် မသန်စွမ်းမှု အမျိူးအစားထဲမှာ ပါဝင်သူတွေ၊ အသက်(၆)နှစ်ကနေ (၁၈)နှစ်အတွင်း ရှိသူတွေ၊ အိမ်ထောင်မရှိသူ တွေအနေနဲ့ ကိုးကွယ်ရာ ဘာသာမရွေး လျှောက်ထားနိုင်ပြီး မိဘ ဒါမှမဟုတ် အုပ်ထိန်းသူကိုယ်တိုင် ကျောင်းသား၊ ကျောင်းသူတွေကို တစ်ပါတည်း ခေါ်ဆောင်ပြီး အပ်နှံရမှာ ဖြစ်ပါတယ်။

ကျောင်းအပ်နှံရာမှာ ပတ်စ်ပို့ဓာတ်ပုံ (၄)ပုံ၊ မွေးစာရင်းနဲ့ အိမ်ထောင်စုဇယား မူရင်းနဲ့ မိတ္တူတွေ၊ သတ်မှတ်ထားတဲ့ ရောဂါအမည်ပါတဲ့ မိတ္တူနဲ့ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးမှတ်တမ်းတွေကို ယူဆောင်လာရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊၊ကျောင်းအပ်လက်ခံရာမှာ ကျောင်းသား၊ ကျောင်းသူဟောင်းတွေကို မေလဆန်း တတိယပတ်မှာ ကျောင်းအပ် လက်ခံမှာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူအသစ်တွေကိုတော့ မေလ စတုတ္တပတ်ကစတင်ကာ ကျောင်းအပ် လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊အလားတူ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းနဲ့ စစ်ကိုင်းမျက်မမြင်ကျောင်းတို့မှာလည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် မျက်မမြင် ကျောင်းသား၊ ကျောင်းသူတွေကို ခေါ်ယူနေပါတယ်။

ကျောင်းအပ်ရာမှာ မျက်မမြင်အမျိုးအစားတွေဖြစ်တဲ့ လုံးဝ မမြင်သူတွေ၊ အနည်းငယ်မြင်သူတွေနဲ့ ကုသလို့ မရနိုင်တဲ့ မျက်မမြင်တွေ လျှောက်ထားနိုင်ကာ အသက်(၆)နှစ်ကနေ (၁၈)နှစ်အတွင်း ရှိသူတွေ၊ အမြင်အာရုံ မသန်စွမ်းမှုကလွဲပြီး ကျန်းမာရေးကောင်းမွန်သူတွေ ဖြစ်ရမှာဖြစ်ပြီး စာပေနဲ့ အသက်မွေးဝမ်းကျောင်းပညာ တွေကို သင်ယူလိုစိတ် ရှိသူတွေ ဖြစ်ရမယ်လို့ သိရပါတယ်။လျှောက်ထားလိုသူတွေအနေနဲ့ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ကျောင်းတွေမှာ တိုက်ရိုက်ဖြစ်စေ၊ တိုင်း ဒေသကြီး/ ပြည်နယ်တွေရှိ လူမှုဝန်ထမ်းရုံးတွေကတစ်ဆင့် စုံစမ်းနိုင်ပြီး စာပေပညာရပ်နဲ့ အသက်မွေး ဝမ်းကျောင်းပညာရပ် တက်ရောက်ခွင့်ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စားသောက်နေထိုင်ရေးကို နိုင်ငံ တော်က တာဝန်ယူမှာဖြစ်ပြီး ကျောင်းဝင်ကြေးနဲ့ကျောင်းလခ ပေးသွင်းစရာမလိုဘူးလို့လည်း ထုတ်ပြန်ထားပါ တယ်၊၊