ဘရာဇီးနိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းတဲ့ ဘီစီဂျီ ကာကွယ်ဆေး ငါးသိန်း Doses ဟာ ဇူလိုင် ၁၆ ရက်၊ ညနေ ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။

ဘရာဇီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု ဆိုင် ရာ ပံ့ပိုးမှုတစ်ရပ်အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ကာကွယ်ဆေး ထိုးနှံတဲ့ လုပ် ငန်းတွေမှာ အသုံးပြုဖို့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။အခုလှူဒါန်းတဲ့ ဘီစီဂျီ ကာကွယ်ဆေး ငါးသိန်းရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ကိုးသောင်း ရှိတယ်လို့ သိရပါ တယ်။

ဘီစီဂျီ ကာကွယ်ဆေးကိုတော့ မွေးကင်းစ ကလေးငယ်တွေ မွေးဖွားပြီးချိန်ကနေ ၂၄ နာရီအတွင်း ထိုးနှံပေးဖို့ လိုအပ်ပြီး အသက် နှစ်လမတိုင်မီ နဲ့ အသက် နှစ်လအရွယ်မှာလည်း အခြားကာကွယ်ဆေးတွေနဲ့ ပူးတွဲ ထိုးနှံနိုင် တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။ဘီစီဂျီ ကာကွယ်ဆေးကို ထိုးနှံထားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြင်းထန်တီဘီရောဂါ ကာကွယ်ရေးလုပ်ငန်းတွေကို အောင်မြင်စွာ ဆောင်ရွက်ဖို့ အထောက်အကူ ဖြစ်စေမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။