မြန်မာသံတမန်တစ်ဦးရဲ့ တွေ့ကြုံခဲ့ရတဲ့အကြောင်း ရှုထောင်အဖုံဖုံကို ရေးသားထားတဲ့ “ မြန်မာသံတမန်တစ်ဦး၏ ဒီပလိုမေစီ ပုံရိပ်များ” စာအုပ် မိတ်ဆက်ပွဲကို မေ(၁၅)ရက်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်မှာရှိတဲ့ ဇီဇဝါ ရိပ်သာမှာ ပြုလုပ်ပါတယ်။

အဲဒီစာအုပ်ကို အငြိမ်းစားသံအမတ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ စာရေးဆရာ ကိုကိုချို(ချောက်)က ရေးထားတာြ ဖစ်ပါတယ်။ မြန်မာသံတမန်လူငယ်လေးအနေနဲ့ နှစ်နိုင်ငံသံတမန်ရေး၊ နိုင်ငံတွေ ပါဝင်တဲ့သံတမန်ရေး၊ ကွန့်ဖရင့် သံတမန်ရေး၊ ပြည်သူ တွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ သံတမန်ရေးနဲ့ ကြားဝင်ဖျန်ဖြေရေးဆိုတဲ့ သံတမန်ရေးရာ တွေကို ဒီစာအုပ်မှာ လေ့လာနိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီစာအုပ်ကို လူငယ်သံတမန်လေးတွေကို ဖတ်စေချင်တဲ့အတွက် ရေးသားရတာဖြစ်တယ်လို့ စာရေးဆရာ ကိုကိုချို(ချောက်)က ပြောပါတယ်။ စာအုပ်မှာ လက်နက်ဖျက်သိမ်းရေး ကွန်ဖရင့်ဆိုတာဟာ ဘဝသစ်အတွက် လှေစီးသွားလာသူတွေ၊ ဘဝသစ် အတွက် လှေစီးသွားလာသူများ (ဖြည့်စွက်စာ) ၊ကျွန်တော်နဲ့ ဘရူနိုင်း ပြည်သူတွေ၊ ကျွန်တော်နဲ့ ဘရူနိုင်း ပြည်သူ များ (ဖြည့်စွက်စာ)၊ Conference Diplomacy၊ Multilateral Diplomacy တို့ ဆုံဆည်းရာ၊ Mediation အကြောင်း တစေ့တစောင်း၊ ဖွံဖြိုးတိုးတက်မှုအတွက် အရေးပါလျက်ရှိတဲ့ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေး နှင့် ဖွံဖြိုးရေး တက္ကသိုလ် စတဲ့ ဆောင်းပါးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ဒါအပြင် ဆောင်းပါးတွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်ပတ်လည်မဂ္ဂဇင်းနဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ဆောင်းပါးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ See less



