၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမယ့်၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်ကနေ ၂၂ ရက်အထိ ကျင်းပသွားမယ် လို့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဒီဇင်ဘာ ၄ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ အဲဒီ ကြေညာချက်အရ မတ်လ ၁၇ ရက်မှာ မြန်မာစာ၊ ၁၈ ရက်မှာ အင်္ဂလိပ်စာ၊ ၁၉ ရက်မှာ သင်္ချာ၊ ၂၀ ရက်မှာ ဓာတု ဗေဒ/ပထဝီဝင်၊ ၂၁ ရက်မှာ ရူပဗေဒ/သမိုင်း၊ ၂၂ ရက်မှာ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်တွေ ဖြေဆိုရမှာ ဖြစ်ပါ တယ်။
စာမေးပွဲဖြေဆိုချိန်ကိုတော့ ဘာသာရပ်အားလုံးအတွက် မနက် ၉ နာရီ ကနေ ၁၂ နာရီအထိ သတ်မှတ်ထားပါ တယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ တစ်သိန်း သုံးသောင်း နီးပါးရှိတဲ့အနက် ခုနစ်သောင်း လေးထောင်ကျော် အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေနဲ့ ၅၇ ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။