ပြည်သူ့ရင်ပြင်၌ တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော် ကျင်းပ
One News
Nov 21, 2026
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်မှာ ၂၀၂၆ ခုနှစ် တန်ဆောင်တိုင် MSME ဈေးရောင်းပွဲတော် နဲ့ ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာလ ၂၁ ရက်က စတင် ကျင်းပနေပါတယ်။
အဲဒီပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော် နဲ့ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နဲ့ တာဝန်ရှိသူတွေက ရန်ကုန်တိုင်းဒေသကြီးတိုင်းဒေသကြီး/ ပြည်နယ်တွေက MSME လုပ်ငန်းရှင်တွေရဲ့ ဈေးဆိုင်ခန်းတွေ၊ မြန်မာ့ရိုးရာ ပန်းပညာ နဲ့ လက်မှုအနုပညာ ပြခန်းတွေ၊ နေရောင်ခြည်စွမ်းအင်အသုံးချ နည်းပညာပြခန်း နဲ့ အရောင်းပြခန်း တွေကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။
ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်ကနေ၂၄ ရက်အထိ (၄) ရက် တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တွေ နဲ့ MSME လုပ်ငန်းရှင်တွေ အပြင် ဌာနဆိုင်ရာပြခန်းတွေ၊ တိုင်ဒေသကြီး/ပြည်နယ် ပြခန်းတွေ အပါအဝင် စုစုပေါင်း ဆိုင်ခန်း ၆၀၀ ကျော် ဖွင့်လှစ်ပြသ ရောင်းချနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပွဲတော်ရက်တွေအတွင်း အလှူရှင်တွေရဲ့ နေ့စဉ်စတုဒိသာ ကျွေးမွေးတာတွေ၊ ဂီတဖျော်ဖြေတင်ဆက်မှုတွေ ပါဝင်ပြီး ပွဲတော်လာ ပြည်သူတွေ သွားလာရေး အဆင်ပြေ လွယ်ကူစေဖို့ YBS အကြို/အပို့ကားတွေ စီစဉ်ဆောင်ရွက်ထားသလို အလှပန်းခင်းတွေ၊ အလှမီးတွေ၊ မီးပုံးပျံ လွှတ်တင်တာတွေ နဲ့ မီးရှူးမီးပန်းတွေ ပစ်ဖောက်သွားကြဖို့ ရှိတယ်လို့လည်း သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ဧရာဝတီတိုင်း၌ တန်ဆောင်တိုင်မီးမျှောပွဲနှင့်စျေးရောင်းပွဲတော် ကျင်းပမည်
One News
Nov 17, 2026 25ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ MSMEs စျေးရောင်း ပွဲတော်၊ တန်ဆောင်တိုင်မီးမျှောပွဲ၊ နိဗ္ဗာန်စျေးပွဲတော်နဲ့ တေးဂီတဖျော်ဖြေပွဲတွေကို နိုဝင်ဘာ လ ၂၂ ရက်ကနေ ၂၄ ရက်အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။