ဈေးကွက် • 1 min read
သတင်း

မကွေးတွင် ထန်းပင်မြစ်ထွက်ရှိမှုများပြီး ရောင်းအားကောင်းနေ

One News

Nov 25, 2026

မကွေးတွင် ထန်းပင်မြစ်ထွက်ရှိမှုများပြီး ရောင်းအားကောင်းနေ
0 Shares
9 Views

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ ‎ထန်းပင်မြစ်ထွက်ရှိမှု များပြီး တစ်နှစ်မှာ တစ်ခါသာ ပေါ်ချိန်ဖြစ်တာကြောင့် ရောင်းအားကောင်းနေတယ်လို့ ထန်းပင်မြစ်ရောင်းချတဲ့ ဈေးသည်တွေဆီက သိရပါတယ်။‎

ထန်းပင်မြစ်တွေကို ရေနံချောင်းမြို့နယ်က ကျေးရွာတွေမှာ အဓိက စိုက်ပျိုးကြပြီး ဩဂုတ်လ အစပိုင်းမှာ စတင်စိုက်ပျိုးကြကာ (၃)လအကြာ နိုဝင်ဘာလမှာ ထွက်ရှိတာ ဖြစ်ပါတယ်။အခုနှစ်မှာ ထန်းပင်မြစ်ပေါပြီး အရောင်းအဝယ် ကောင်းသလို လက်ရှိ စျေးကွက်ကလည်း အသင့်အတင့်ရှိတဲ့ အတွက် ရောင်းသူ၊ ဝယ်သူ အဆင်ပြေတယ်လို့ မကွေးမြို့၊ ရန်ပယ်စျေးက ထန်းမြစ် ရောင်းချသူ မအေးနွယ်စိုး က ပြောပါတယ်။ ‎

အခုနှစ်မှာ ထန်းပင်မြစ် ၁၅ ချောင်းတစ်စီးကို ၂၀၀၀ ကျပ်၊ ၁၀ ချောင်းတစ်စီးကို ၇၀၀ ကျပ် ဈေးရှိနေပြီး အရင်နှစ် နဲ့ စျေးကွာခြားချက် မရှိဘူးလို့ ဆိုပါတယ်။ ထန်းပင်မြစ်တွေကို နှစ်စဉ် နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအထိ ရရှိ နိုင်ပြီး တစ်နှစ်မှာ တစ်ခါသာ ထွက်ရှိတဲ့ အညာဒေသထွက် ရာသီစာတစ်မျိုးလည်း ဖြစ်ပါတယ်။‎ မကွေးမြို့က စျေးတွေမှာ ထန်းပင်မြစ်အပြင် ကန်စွန်းဥ၊ ပိန်းဥ၊ ဝဥ တို့လည်း အရောင်းသွက်နေတယ်လို့ သိရပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ