မက္ကဆီကိုစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ FBI ရဲ့ အလိုရှိဆုံး ရာဇဝတ်ဘိန်းဘုရင်တစ်ယောက်ဖြစ်တဲ့ အယ်လ်ချာပို အစ်စီဒေါကို သောကြာနေ့ညက စီနာလိုအာပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။
သူနဲ့အတူ သူ့ရဲ့မူးယစ်ဂိုဏ်း ခေါင်းဆောင်နှစ်ယောက်ကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီမူးယစ်ဘုရင်ဟာ အမေရိကန်ထဲကို ဟီးရိုးအင်း၊ မက်သာဖက်တမင်း၊ ကိုကင်းနဲ့ ဆေးခြောက်စတဲ့ မူးယစ်ဆေးဝါးပေါင်းများစွာကို အနှစ် ၂၀ ကျော်ကြာ မှောင်ခိုကူးခဲ့သူပါ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မက္ဆီကိုအနေနဲ့ မူးယစ်ဂိုဏ်းတွေကို ထိရောက်စွာမနှိမ်နင်းရင် အမေရိကန်စစ်တပ်ကို တိုက်ရိုက်စေလွှတ်ဝင်ရောက်စီးနင်းမယ်လို့ ဖိအားပေး ခြိမ်းခြောက်ထားတာကြောင့် အခုလို ဖမ်းဆီးမှုတွေဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ညဘက်မှာ ပြုလုပ်ခဲ့တဲ့ စီးနင်းမှုအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ဒီစစ်ဆင်ရေးဟာ အမေရိကန်နဲ့ မက္ကဆီကို သတင်းရယူရေးအေဂျင်စီတွေ ပူးပေါင်းဆောင်ရွက်ခဲ့မှုရဲ့ရလဒ်ဖြစ်တယ်လို့ မက္ကဆီကိုကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမေရိကန်သံအမတ်တို့က အတည်ပြုခဲ့ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ဥရောပတစ်ဝန်း ကျောင်းသားဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်
One News
Nov 21, 2026 15ဥရောပတစ်ဝန်းမှာ နိုဝင်ဘာလ ၂၀ ရက်က ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒထုတ်ဖော် ပွဲတွေ ပြုလုပ်ခဲ့ကြတာကို Reuters သတင်းမှာဖော်ပြပါတယ်။ ဒီဆန္ဒထုတ်ဖော်ပွဲတွေဟာ ပြင်သစ်နိုင်ငံမှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတွေ ပြီးတဲ့နောက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။