ဥရောပ • 1 min read
သတင်း

ဥရောပတစ်ဝန်း ကျောင်းသားဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်

One News

Nov 21, 2026

ဥရောပတစ်ဝန်း ကျောင်းသားဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်
0 Shares
10 Views

 

ဥရောပတစ်ဝန်းမှာ နိုဝင်ဘာလ ၂၀ ရက်က ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒထုတ်ဖော် ပွဲတွေ ပြုလုပ်ခဲ့ကြတာကို Reuters သတင်းမှာဖော်ပြပါတယ်။  ဒီဆန္ဒထုတ်ဖော်ပွဲတွေဟာ ပြင်သစ်နိုင်ငံမှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတွေ ပြီးတဲ့နောက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်သူတွေရဲ့ တောင်းဆိုချက်တွေကတော့ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးဖို့ နဲ့ ရာသီဥတုပြောင်းလဲမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ ပါဝင်ပါတယ်။ဆန္ဒထုတ်ဖော် ပွဲတွေကို ဥရောပနိုင်ငံ ၂၅ နိုင်ငံထက်မနည်းမှာ ပြုလုပ်ခဲ့ပြီး အဲဒီထဲမှာ ဗြိတိန်၊ ဂျာမနီ၊ စပိန်၊ အီတလီ နဲ့ ခရိုအေးရှားတို့လည်း ပါဝင်ပါတယ်။

အီတလီနိုင်ငံမှာ ဆန္ဒထုတ်ဖော်သူတွေဟာ ဝန်ကြီးချုပ် Giorgia Meloni ရဲ့ စီးပွားရေးမူဝါဒတွေကို ကန့်ကွက်ခဲ့ကြပြီး လုပ်ခလစာ တိုးမြှင့်ပေးဖို့ နဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေမှာ အသုံးစရိတ် ပိုမိုသုံးစွဲပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ပြင်သစ်နိုင်ငံမှာတော့ ဆန္ဒထုတ်ဖော်ပွဲတွေဟာ တချို့အချိန်တွေမှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒထုတ်ဖော်သူတွေ အကြား ထိပ်တိုက်တွေ့မှုတွေ နဲ့ ဆိုင်တွေ ဖောက်ထွင်းလုယက်မှုတွေအထိ ဖြစ်ပွားခဲ့ပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ