အာဖရိက • 1 min read
သတင်း

Miss Universe 2026 ပြိုင်ပွဲ၌ အိမ်ထောင်သည်အမျိုးသမီး သရဖူဆောင်း

One News

Nov 25, 2026

Miss Universe 2026 ပြိုင်ပွဲ၌ အိမ်ထောင်သည်အမျိုးသမီး သရဖူဆောင်း
0 Shares
10 Views

 

ကမ္ဘာ့အကြီးဆုံး အလှမယ်ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Miss Universe 2026 ပြိုင်ပွဲမှာ အိမ်ရှင် ပွာတိုရီကို နိုင်ငံသူ ဂျန်နီဖာ ဘာရက်တို က အနိုင်ရရှိပြီး Miss Universe သရဖူကို ဆွတ်ခူးသွားခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။အသက် ၂၇ နှစ်အရွယ် လူမှုဝန်ထမ်း တစ်ယောက် ဖြစ်တဲ့ ဂျန်နီဖာ ဘာရက်တို ဟာ ပြိုင်ပွဲဝင် အလှမယ် ၁၁၅ ယောက်ကို ကျော်ဖြတ်ပြီး နိုဝင်ဘာလ ၂၄ ရက်က ပွာတိုရီကို နိုင်ငံရဲ့ မြို့တော် ဆန်ဟွမ်မြို့မှာ ကျင်းပခဲ့တဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ပြိုင်ပွဲကို အရင်နှစ်က မဲမသမာမှု စွပ်စွဲချက်တွေရဲ့ နောက်ဆက်တွဲ အငြင်းပွားမှုတွေ ၊ ဗီဇာ အခက် အခဲတွေ နဲ့ စီးပွားရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေ ကြားကနေ ကျင်းပခဲ့ရတာလည်း ဖြစ်ပါတယ်။ဒီနှစ် Miss Universe ပြိုင်ပွဲမှာ ထူးခြားတဲ့ အချက်တစ်ခုကတော့ ဂျန်နီဖာ ဘာရက်တို ဟာ အိမ်ထောင် သည် အမျိုးသမီးတစ်ယောက် ဖြစ်သလို သားသမီးရှိတဲ့ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။Miss Universe အဖွဲ့အစည်းဟာ အိမ်ထောင်ပြုဖူးသူတွေ နဲ့ ကလေးမွေးဖွားဖူးသူတွေကို ပြိုင်ပွဲဝင် ခွင့်မပြုတဲ့ စည်းမျဉ်းကို လွန်ခဲ့တဲ့ သုံးနှစ်က ဖျက်သိမ်းခဲ့တာပါ။

အဲဒီနောက်ပိုင်း အိမ်ထောင်သည် မိခင်တစ်ယောက်အနေနဲ့ Miss Universe သရဖူကို ပထမ ဆုံး ဆွတ်ခူး နိုင်သူအဖြစ် ဂျန်နီဖာ ဘာရက်တို က မှတ်တမ်းဝင်သွားခဲ့ပါတယ်။နောက်ဆုံးဗိုလ်လုပွဲမှာ ပြိုင်ပွဲဝင် ၅ ယောက်ကို ဒိုင်လူကြီးတွေက မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။အဲဒီအထဲမှာ ဉာဏ်ရည်တု နည်းပညာ (AI) တိုးတက်လာတဲ့ခေတ်မှာ လူသားတွေ အနေနဲ့ ဘယ်လို တန်ဖိုးမျိုးကို ဘယ်တော့မှ မဆုံးရှုံးသင့်ဘူးလဲဆိုတဲ့ မေးခွန်းလည်း ပါဝင်ခဲ့ပါတယ်။

ဂျန်နီဖာ ဘာရက်တို ကတော့ နည်းပညာကို တာဝန်ယူမှု ရှိရှိ အသုံးပြုဖို့ အရေးကြီးကြောင်း ဖြေကြားခဲ့ပါ တယ်။ ဒါ့အပြင် သူက AI ကြောင့် လူသားတွေရဲ့ တန်ဖိုးတွေ ထိခိုက်လာမယ်ဆိုရင် အဲဒီတန်ဖိုးတွေဟာ အစကတည်းက စစ်မှန်တဲ့ တန်ဖိုးတွေ မဟုတ်ခဲ့တာ ဖြစ်ကြောင်း၊ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ပြောတဲ့စကား နဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ တစ်ထပ်တည်းကျမှုမှာ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ