ဘာသာရေး • 1 min read
သတင်း

ရွှေတိဂုံစေတီတော်၌ မသိုးသင်္ကန်းရက်လုပ်ပွဲနှင့်ကပ်လှူပူဇော်ပွဲ ကျင်းပ

One News

Nov 24, 2026

ရွှေတိဂုံစေတီတော်၌ မသိုးသင်္ကန်းရက်လုပ်ပွဲနှင့်ကပ်လှူပူဇော်ပွဲ ကျင်းပ
0 Shares
4 Views

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးပြုလုပ်တဲ့ ၃၈ ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ပွဲနဲ့ ကပ်လှူပူဇော်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ စေတီတော်ဂေါပကအဖွဲ့ကနေ သိရပါတယ်။မသိုးသင်္ကန်းရက်လုပ်တာကို စေတီတော်ရင်ပြင်ရာဟုထောင့်ရှိ အောင်မြေမှာ နိုဝင်ဘာလ ၂၃ ရက်၊ တန်ဆောင်း မုန်းလဆန်း ၁၄ ရက် ညနေပိုင်းက ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲမှာ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့တွေက ပြိုင်ပွဲဝင်အသင်း ၉ သင်းနဲ့ ယှဉ်ပြိုင် ရက်လုပ်ကြခဲ့ကြတာဖြစ်ပြီး ဆုတွေအနေနဲ့ ပထမဆု ငွေကျပ် ၄၅ သိန်း၊ ဒုတိယဆု ငွေကျပ် သိန်း ၄၀၊ တတိယဆု ငွေကျပ် ၃၅ သိန်း၊ စတုတ္ထဆု ငွေကျပ်သိန်း ၃၀ နဲ့ နှစ်သိမ့်ဆုတွေအဖြစ် ငွေကျပ်သိန်း ၂၀ စီကို ချီးမြှင့်ပေးခဲ့တယ် လို့သိရပါတယ်။

မသိုးသင်္ကန်းဆိုတာ ပြိုင်ပွဲဝင်အသင်းတွေ ရက်လုပ်တဲ့ပိတ်စတွေကို ဝိနည်းတော်နဲ့အညီ ညတွင်းချင်းချုပ်လုပ်ကြ ရပြီး တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်မတက်ခင် သတ်မှတ်ရုပ်ပွားတော်မြတ်တွေမှာ ကပ်လှူပူဇော်ရတာဖြစ် ပါတယ်။မသိုးရွှေကြာသင်္ကန်းတွေ ကပ်လှူပူဇော်ပွဲကိုတော့ တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) နိုဝင်ဘာလ ၂၄ ရက်၊ မနက် ၄ နာရီအချိန်မှာ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာတွေမှာကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ မသိုးရွှေကြာသင်္ကန်းတွေကပ်လှူ ပူဇော်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဂေါပကအဖွဲ့ဝင်တွေ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့တွေ၊ မသိုး သင်္ကန်းယှဉ်ပြိုင်ရက်ခတ်ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေနဲ့ ဘုရားဖူးတွေက ရာဟုထောင့် အောင်မြေအနီးရှိ ချမ်းသာကြီးတန်ဆောင်းကနေစတင်ပြီး မသိုးရွှေကြာသင်္ကန်းတော်တွေကိုင်ဆောင်ကာ စေတီတော်မြတ်ကြီးကို လက်ယာရစ် လှည့်လည်ပူဇော်ခဲ့ကြပါတယ်။

အဲဒီနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော် မြတ်ကြီးကို မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်တွေက အာရုံခံတန်ဆောင်း မုခ်လေး မုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားတို့ကို မသိုးရွှေကြာသင်္ကန်းတွေ ကပ်လှူပူ ဇော်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နဲ့ တာဝန်ရှိသူတွေက စေတီတော်မြတ်ကြီး ကို ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးနဲ့ အမွှေးနံ့သာတွေ ကပ်လှူပူဇော်ခဲ့ကြပြီး ဩဝါဒါစရိယဆရာတော် ကြီးတွေကို အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဘာသာရေး
သတင်း

ဗိုလ်တထောင်စေတီတော်၌ မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲကျင်းပ

One News

Nov 24, 2026 18

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် (၄၂) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက် ညပိုင်းက ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။