ဘာသာရေး • 1 min read
သတင်း

စရီသီလိုက်မာ ကာလီယမ္မာန် မယ်တော်ကြီးဘုရားကျောင်းသိဒ္ဓိတင်ရေစင်သွန်းလောင်းပွဲတော်ကျင်းပ

One News

Nov 22, 2026

စရီသီလိုက်မာ ကာလီယမ္မာန် မယ်တော်ကြီးဘုရားကျောင်းသိဒ္ဓိတင်ရေစင်သွန်းလောင်းပွဲတော်ကျင်းပ
0 Shares
9 Views

 

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မှာတည်ထားကိုးကွယ်တဲ့ဆုတောင်းပြည့် စရီသီလိုက်မာ ကာလီယမ္မာန်မယ်တော်ကြီး၊ ဆုတောင်းပြည့် စရီ မူသူးမာရီယမ္မာန်မယ်တော်ကြီး ဘုရားကျောင်းရဲ့မဟာကုမ္ဘာဘိသျှေဂမ် သိဒ္ဓိတင်ရေစင်သွန်းလောင်း ပွဲတော်ကိုနိုဝင်ဘာလ (၂၂) ရက်ကကျင်းပပါတယ်။

ဒီပွဲတော်ကိုဘုရားကျောင်းဂေါပကအဖွဲ့ဝင်တွေ၊ ဟိန္ဒူလူမှုအသင်းအဖွဲ့တွေပါဝင်ကူညီမှုနဲ့ ကျင်းပတာဖြစ်တယ်လို့ဆိုပါတယ်။မယ်တော်ဘုရားကျောင်းဟာနှစ်ပေါင်း၁၀၀ကျော်ကတည်းက ဘုရားကျောင်းငယ်အဖြစ်တည်ထားကိုးကွယ်လာကြပြီး ၂၀၁၀ပြည့်နှစ်မှာဘုရားကျောင်းကြီးတည်ထားပြီး၂၀၁၂ခုနှစ်မှာ ပထမအကြိမ်ရေစင်သွန်းလောင်းပွဲကျင်းပခဲ့တယ်လို့ဆိုပါတယ်။

အခုအချိန်မှာဘုရားကျောင်းကိုပြန်လည်မွမ်းမံပြုပြင်တာတွေလုပ်ဆောင်ပြီး ဒုတိယအကြိမ်ရေစင်သွန်းလောင်းပွဲကိုစည်ကားသိုက်မြိုက်စွာကျင်းပတာဖြစ်တယ်လို့ဘုရားပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်ဦးကျော်ထွန်းကပြောပါတယ်။
ဘုရားကျောင်းပြန်လည်ပြုပြင်မွမ်းမံတာကိုလုပ်ဆောင်ရာမှာအိန္ဒိယနိုင်ငံက ရုပ်တုတော်တွေ၊ ဌာပနာပစ္စည်းတွေကိုပင့်ဆောင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။သိဒ္ဓိတင်ရေစင်သွန်းလောင်းပွဲတော်ကိုနိုဝင်ဘာလ ၁၈ရက်ကနေနိုဝင်ဘာလ ၂၂ရက်အထိ ငါးရက်တာကျင်းပခဲ့တာဖြစ်ပြီး နောက်ဆုံးနေ့မှာတော့အနယ်နယ်အရပ်ရပ်ကဟိန္ဒူဘာသာဝင်တွေလာရောက်ဖူး‌မြော်ကြတဲ့အတွက် တိုးမပေါက်အောင်စည်ကားခဲ့ပါတယ်။

ရေစင်သွန်းလောင်းပွဲတော်မှာလက်ချမီးပူဇော်ပွဲနဲ့ အိန္ဒိယနိုင်ငံကနာမည်ကျော်ဆရာမ မန်ဂန်ယ(ရ်)ကရစီက ဓမ္မတရားတော်ဟောကြားတာတွေပြုလုပ်ခဲ့ပြီး လာရောက်ကြသူတွေကို မနက်၊ ညသက်သတ်လွတ်ထမင်းဟင်းလျာ စတုဒိသာကျွေးမွေးခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်ရေစင်သွန်းလောင်းတဲ့နေ့ညနေပိုင်းမှာ ဘုရားဒေသစာရီကြွချီပြီး အိန္ဒိယနိုင်ငံကအနုပညာရှင်တွေက လာရောက်ဖျော်ဖြေခဲ့ကြတယ်လို့သိရပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ