ဆိုးဆေးပါဝင်သည့် စားသောက်ကုန် ၄ မျိုးကို မသုံးရန် ကြေညာ
One News
Nov 25, 2026
အစားအသောက်တွေမှာ သုံးစွဲခွင့် ပြုမထားတဲ့ ဆိုးဆေးတွေ ပါဝင်နေတဲ့ စားသောက်ကုန် ၄ မျိုးကို စားသုံးဖို့ မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက နိုဝင်ဘာလ ၂၅ ရက်မှာ အသိပေးကြေညာ ချက် ထုတ်ပြန်ပါတယ်။
အဲဒီစားသောက်ကုန် ၄ မျိုးကတော့ ရွှေသင်းသူ သဘာဝနနွင်းမှုန့်စစ်စစ်၊ ရွှေသင်းသူ ဟင်းခတ်အရောင်တင်မှုန့်၊ 123 ဇီးဖြူသီးယိုနဲ့ သိန်းတိုးဂျင်း(ချင်း)လက်ဖက်တို့ ဖြစ်ပါတယ်။အခု အစားအသောက်တွေထဲမှာ သုံးစွဲခွင့် ပြုမထားတဲ့ ဆိုးဆေးတွေဖြစ်တဲ့ Auramine-O နဲ့ Rhodamine-B တို့ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အခုစားသောက်ကုန် ၄ မျိုးကို စားသုံးဖို့ မသင့်ကြောင်း ကြေညာလိုက်တာဖြစ်ပြီး ဈေးကွက်ထဲမှာ တင်သွင်း ဖြန့်ဖြူးရောင်းချတာတွေကို လုံးဝ မပြုလုပ်ဖို့ အသိပေး အကြောင်းကြားထားပါတယ်။အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ဈေးကွက် စစ်ဆေးတာကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
စားသောက်ကုန်နှစ်မျိုးကို ဈေးကွက်မှပြန်ရုပ်သိမ်းရန် FDA သတိပေး
One News
Nov 25, 2026 15အစားအသောက် ထပ်ဖြည့်ပစ္စည်း ပါဝင်မှု သတ်မှတ်ပမာဏထက် ကျော်လွန်ကြောင်း စစ်ဆေးတွေ့ရှိရတဲ့ စားသောက်ကုန်နှစ်မျိုးကို ဈေးကွက်ကနေ ပြန်လည်ရုပ်သိမ်းစေဖို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက နိုဝင်ဘာလ ၂၅ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။