အရေးကြီးကုန်စည်များအတွက် ဒေါ်လာ နှစ်ဘီလီယံကျော် ရောင်းချပေးထား
One News
Nov 26, 2026
အရေးကြီးကုန်စည်တွေအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် ရောင်းချပေးထားတယ်လို့ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က နိုဝင်ဘာလ ၂၅ ရက်မှာ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြီးမှူးပြီး FX Market Online Trading Platform မှာ နိုင်ငံတော်ရဲ့ အရေးကြီး ကုန်စည်တွေဖြစ်တဲ့ စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနဲ့ တခြားကုန်စည်တွေအတွက် လိုအပ်တဲ့ နိုင်ငံခြား ငွေတွေကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်တွေကတစ်ဆင့် သွင်းကုန်တင်သွင်းသူ (Importer)တွေဆီ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။
အဲဒီလို ရောင်းချပေးရာမှာ အခုနှစ် ဧပြီလကနေ အောက်တိုဘာလအထိ FX Market Online Trading Platform နဲ့ AD လိုင်စင်ရ ဘဏ်တွေကတစ်ဆင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်၊ တရုတ်ယွမ် ၁ ဒသမ ၈ ဘီလီယံ ကျော်၊ ထိုင်းဘတ် ၆ ဘီလီယံခွဲကျော်နဲ့ အိန္ဒိယရူပီး ၇၄ သန်းကျော်ကို သွင်းကုန်လုပ်ငန်းရှင်တွေထံ ရောင်းချပေး ခဲ့ပြီး အခု နိုဝင်ဘာလထဲမှာလည်း အမေရိကန်ဒေါ်လာ ၂၅၅ သန်းကျော်၊ တရုတ်ယွမ် သန်း ၉၀ နီးပါး၊ ထိုင်းဘတ် ၇၆၂ သန်းကျော်နဲ့ အိန္ဒိယရူပီး ၁၃ သန်းကျော် ရောင်းချပေးခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလကနေ အောက်တိုဘာလအထိ စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနဲ့ တခြားကုန်စည်တွေ တင်သွင်းဖို့အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ကျော် ရောင်းချပေးခဲ့ပြီး နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၁၃၀ ဒသမ ၈ သန်းကို Market Trading Rate (ကျပ် ၃၆၆၀)နဲ့ ရောင်းချပေးခဲ့ပြီး ဖြစ်တယ်လို့ အသိပေး ကြေညာထားပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ရန်ကုန်တွင် နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်သူ ငါးဦး ဖမ်းမိ
One News
Nov 26, 2026 12ရန်ကုန်တိုင်းဒေသကြီးမှာ နိုင်ငံခြားငွေတွေကို တရားမဝင်ရောင်းဝယ်နေသူ ငါးယောက်ကို ဖမ်းဆီးရ မိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။နိုင်ငံခြားငွေကို တရားမဝင် လဲလှယ်ရောင်းချတယ်ဆိုတဲ့ လူငါးယောက်ကို နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၄ ရက် အတွင်း ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။