ရန်ကုန်တွင် နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်သူ ငါးဦး ဖမ်းမိ
One News
Nov 26, 2026
ရန်ကုန်တိုင်းဒေသကြီးမှာ နိုင်ငံခြားငွေတွေကို တရားမဝင်ရောင်းဝယ်နေသူ ငါးယောက်ကို ဖမ်းဆီးရ မိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။နိုင်ငံခြားငွေကို တရားမဝင် လဲလှယ်ရောင်းချတယ်ဆိုတဲ့ လူငါးယောက်ကို နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၄ ရက် အတွင်း ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ရန်ကုန်လေဆိပ်မှာ နိုင်ငံခြားငွေတွေကို တရားမဝင် ရောင်းဝယ်နေတဲ့ ဦးထွန်းလင်းကို အမေရိကန် ဒေါ်လာ ၃,၈၀၀ ၊ ထိုင်းဘတ် ၃၃,၀၀၀ ၊ တရုတ်ယွမ် ၁၅,၀၀၀ ၊ မြန်မာငွေကျပ် ၅၅ သိန်းနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အလားတူ ကျောက်တံတားမြို့နယ်၊ ဆူးလေခုံးကျော် တံတားအနီးမှာ နိုင်ငံခြားငွေတွေကို တရားမဝင် ရောင်းဝယ် နေတဲ့ ရာဂျားကိုလည်း အမေရိကန်ဒေါ်လာ ၃,၅၅၀ ၊ တရုတ်ယွမ် ၅,၆၀၀၊ မလေးရှား ရင်းဂစ် ၅,၂၀၀ ၊ မြန်မာငွေ ကျပ် သိန်း ၁၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဆက်လက်ပြီး ပန်းဘဲတန်း မြို့နယ်၊ အနော်ရထာလမ်းမပေါ်မှာ နိုင်ငံခြားငွေတွေကို တရားမဝင် ရောင်းဝယ်နေတဲ့ မိုဟာမတ်ယူနုစ်(ခေါ်) မောင်မောင်လွင်ကို အမေရိကန်ဒေါ်လာ ၁၅,၅၀၀ ၊ မြန်မာငွေကျပ် ၈ သိန်းခွဲနဲ့အတူ ဖမ်းမိခဲ့သလို မရမ်းကုန်းမြို့နယ်၊ ဦးမောင်မောင်စိုးလမ်းရှိ နေအိမ်တစ်လုံးထဲကနေ ကျော်စွာနဲ့ မနှင်းပွင့်တို့ကို အမေရိကန်ဒေါ်လာ ၂၂၀,၀၀၀၊ ထိုင်းဘတ် ၅၅၀,၀၀၀၊ တရုတ်ယွမ် ၃၇၀,၀၀၀ ၊ မြန်မာငွေကျပ် သိန်း ၆၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
အရေးကြီးကုန်စည်များအတွက် ဒေါ်လာ နှစ်ဘီလီယံကျော် ရောင်းချပေးထား
One News
Nov 26, 2026 13အရေးကြီးကုန်စည်တွေအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် ရောင်းချပေးထားတယ်လို့ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က နိုဝင်ဘာလ ၂၅ ရက်မှာ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။