မော်လမြိုင်မြို့ဆွမ်းအိုးမျှောပွဲ ကုသိုလ်ပြုသူများဖြင့်စည်ကား
One News
Nov 24, 2026
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာတံတားနဲ့ လမ်းတစ်လျှောက်မှာ တန်ဆောင် မုန်းလပြည့်နေ့ နိုဝင်ဘာလ ၂၄ ရက်၊ မနက်အစောပိုင်းက (၂၄)ကြိမ်မြောက် ဆွမ်းအိုးမျှောပွဲတော်ကို ကျင်းပခဲ့ရာ လာရောက်ကုသိုလ်ပြုသူတွေနဲ့ စည်ကားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရသိရ ပါတယ်။
အဲဒီပွဲတော်ဟာ နှစ်စဥ် တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပလေ့ရှိတဲ့ ရိုးရာကုသိုလ်ရေးပွဲတော်တစ်ခု ဖြစ်ကာ ရှင်ဥပဂုတ္တမထေရ်မြတ်ကိုရည်မှန်းပြီး ဆွမ်းအိုးမျှောကြတာဖြစ်တယ်လို့ ဆိုပါတယ်။ပွဲတော်ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနဲ့ ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီး တွေနဲ့ ဇနီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ပူဇော်ခဲ့ကြပါတယ်။ပွဲတော်မှာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဇနီးတို့က ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်မှန်းပြီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနဲ့ မုန့်ဆွမ်းခဲဖွယ်တွေ ကပ်လှူပူဇော်ခဲ့ကြပါတယ်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဧည့်သည်တော်တွေ၊ စေတနာရှင် ပြည်သူအပေါင်းက သံလွင်မြစ် အတွင်းကို ရှင်ဥပဂုတ္တမထေရ်မြတ်ကိုရည်မှန်းပြီး ပူဇော်ကပ်လှူထားတဲ့ ဆွမ်း၊ မုန့်၊ သပိတ်၊ ဆီမီး နဲ့လှူဖွယ်ဝတ္ထုတွေ ထည့်သွင်းထားတဲ့ ဆွမ်းအိုးတွေကို စုပေါင်းမျှောကာ ပူဇော်ခဲ့ကြတယ်လို့ ဆိုပါ တယ်။ဒါ့အပြင် ပွဲတော်ကို လာရောက်ကြတဲ့ သူတွေကို ဒေသခံအလှူရှင်တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက မြန်မာ့ရိုးရာ အစားအစာတွေနဲ့ စတုဒိသာတွေကို ကျွေးမွေးလှူဒါန်းခဲ့ကြရာ လမ်းဆုံလမ်းခွတွေနဲ့ ကမ်းနားလမ်းတစ်လျှောက်မှာ ကုသိုလ်ပြုသူတွေ၊ စတုဒိသာသုံးဆောင်သူတွေနဲ့ စည်ကားခဲ့တယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ကျိုက်နဲရေလယ်ဘုရားဖူးများ ရေဘေးကင်းရှင်းရန် စည်းကမ်းချက် ထုတ်ပြန်
One News
Nov 22, 2026 15မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာရှိ ကျိုက်နဲရေလယ် ဆံတော်ရှင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို လာရောက်ကြမယ့် ပြည်သူတွေအနေနဲ့ ရေဘေးကင်းရှင်းစွာ ဖူးမြော် နိုင်ဖို့အတွက် စည်းကမ်းချက်တွေ လိုက်နာဖို့ လိုအပ်တယ်လို့ ကျိုက်နဲ ရေလယ်ဘုရားဂေါပက အဖွဲ့က သိရပါတယ်။