တီထွင်မှုများ • 1 min read
သတင်း

Mercury ဂြိုဟ်ပတ်လမ်းအတွင်းသို့ အာကာသယာဉ် စတင်ဝင်ရောက်

One News

Nov 23, 2026

Mercury ဂြိုဟ်ပတ်လမ်းအတွင်းသို့ အာကာသယာဉ် စတင်ဝင်ရောက်
0 Shares
2 Views

 

ဥရောပနဲ့ဂျပန်တို့ ပူးပေါင်းလွှတ်တင်ခဲ့တဲ့ BepiColombo အာကာသယာဉ်ဟာ ရှစ်နှစ်ကြာ အာကာသ ခရီးနှင်ပြီးနောက် နေအဖွဲ့အစည်းအတွင်း နေနဲ့ အနီးဆုံး၊ အရွယ်အစားအသေးငယ်ဆုံး Mercury ပတ်လမ်းအတွင်းကို  စတင်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်တယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။

ဒါပေမယ့် ပတ်လမ်းအတွင်း ဝင်ရောက်စဉ် အင်ဂျင်တွန်းကန်အားစနစ်နဲ့ ပတ်သက်တဲ့ နည်းပညာ ချို့ယွင်းမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဥရောပအာကာသအေဂျင်စီက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။Mercury ဂြိုဟ်ဟာ လထက် အနည်းငယ်သာ ကြီးမားပြီး နေအဖွဲ့အစည်းအတွင်းရှိ အတွင်းပိုင်း ဂြိုဟ်လေးလုံးအနက် သိပ္ပံပညာရှင်တွေ လေ့လာစူးစမ်းမှု အနည်းဆုံးပြုလုပ်ထားရတဲ့ ဂြိုဟ်တစ်လုံး လည်းဖြစ်ပါတယ်။BepiColombo ဟာ Mercury ဂြိုဟ်ကို သွားရောက်လေ့လာနိုင်ခဲ့တဲ့ တတိယမြောက် အာကာသယာဉ် ဖြစ်ပြီး ဂြိုဟ်ပတ်လမ်းအတွင်း ဝင်ရောက်နိုင်ခဲ့တဲ့ ဒုတိယမြောက် အာကာသယာဉ်လည်း ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ဥရောပအာကာသအေဂျင်စီ (ESA) နဲ့ ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ မစ်ရှင်တစ်ခု ဖြစ်ပါတယ်။ BepiColombo အာကာသယာဉ်ဟာ Mercury ဂြိုဟ်ပတ်လမ်းအတွင်း စတင်ဝင်ရောက်နိုင်ခဲ့ကြောင်း ESA က စနေနေ့မှာ အတည်ပြုခဲ့ပါတယ်။ဒါပေမဲ့ တနင်္ဂနွေနေ့မှာ လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန်ချက်အရ ပတ်လမ်းအတွင်း ဝင်ရောက်တဲ့ လုပ်ငန်းစဉ်အတွင်း ဆော့ဖ်ဝဲပြဿနာတစ်ခုကြောင့် အာကာသယာဉ်ရဲ့ တွန်းကန်အင်ဂျင် လည်ပတ်ချိန်ဟာ မူလစီစဉ်ထားတာထက် ပိုတိုသွားခဲ့တယ်လို့ ဆိုပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
တီထွင်မှုများ
သတင်း

လေဖြတ်ခြင်းကိုကုသနိုင်မည့်မိုက်ခရိုရိုဘော့ ဆွစ်ဇာလန်သိပ္ပံပညာရှင် တီထွင်

One News

Nov 20, 2026 22

ဆွစ်ဇာလန်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ လေဖြတ်တာကို ကုသရာမှာ အသုံးပြုနိုင်မယ့် အလွန်သေးငယ်တဲ့ သံလိုက်စွမ်းအားသုံး မိုက်ခရိုရိုဘော့လေးတွေကို တီထွင်ဖန်တီးနိုင်ခဲ့တယ်လို့ India Today မှာ ဖော်ပြပါတယ်။