စစ်မှုထမ်းဆင့်ခေါ်မှု အဓမ္မဖမ်းဆီးသူ နှင့် ငွေကောက်ခံသူ ၁၉၉ ဦးအား အရေးယူ
One News
Nov 22, 2026
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်မှာ အဓမ္မဖမ်းဆီး ဆင့်ခေါ်သူ နဲ့ တရားမဝင် ငွေကြေးကောက်ခံသူ ၁၉၉ ယောက်ကို အရေးယူထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အဓမ္မဖမ်းဆီး ဆင့်ခေါ်တာ နဲ့ တရားမဝင် ငွေကြေးကောက်ခံတာတွေကို မသမာသူတွေက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွေကို ချိုးဖောက်ကာ တရားမဝင် လုပ်ဆောင်နေမှုတွေ ဖြစ်တဲ့အတွက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က အထူးအလေးထား စိစစ်ဖော်ထုတ် အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ဖော်ထုတ် အရေးယူမှုတွေ ပြုလုပ်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်အထိ ငွေကြေးဆိုင်ရာ ၄၉ မှုမှာ ကျူးလွန်သူ ၁၀၂ ယောက်ကို အရေးယူထားပါတယ်။
အလားတူ အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၂၂ မှုမှာ ကျူးလွန်သူ ၉၇ ယောက်ကို အရေးယူထားတယ်လို့လည်း သိရပါတယ်။ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို တိုင်ကြားလာတဲ့ ငွေကြေးဆိုင်ရာ ၁၈၂ မှု မှာ အရေး ယူပြီးစီးမှု ၉၁ မှု၊ စိစစ်ဆဲ ၅၆ မှု၊ မမှန်မကန်တိုင်ကြားမှု ၃၅ မှုနဲ့ အဓမ္မဆင့်ခေါ်မှုဆိုင်ရာ ၄၃ မှုမှာအရေးယူ ပြီးစီးမှု ၁၇ မှု၊ စိစစ်ဆဲ ၁၄ မှု၊ မမှန်မကန်တိုင်ကြားမှု ၁၂မှု ရှိခဲ့ပြီး ဥပဒေတွေ နဲ့အညီ ထိရောက်စွာ အရေးယူပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
မရမ်းကုန်းတွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်သူ ၁၀၅ ဦးကို ဖမ်းမိ
One News
Nov 22, 2026 14ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်းက နေအိမ်တစ်အိမ်မှာ နိုဝင်ဘာလ ၂၁ရက်က အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်ခဲ့သူ ၁၀၅ယောက်ကို လုပ်ငန်းသုံးပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။