တရားစီရင်ရေး • 1 min read
သတင်း

မရမ်းကုန်းတွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်သူ ၁၀၅ ဦးကို ဖမ်းမိ

One News

Nov 22, 2026

မရမ်းကုန်းတွင် အွန်လိုင်းလိမ်လည်မှုကျူးလွန်သူ ၁၀၅ ဦးကို ဖမ်းမိ
0 Shares
14 Views

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်းက နေအိမ်တစ်အိမ်မှာ နိုဝင်ဘာလ ၂၁ရက်က အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်ခဲ့သူ ၁၀၅ယောက်ကို လုပ်ငန်းသုံးပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီဖြစ်စဥ်မှာ တရုတ်နိုင်ငံသား အမျိုးသား ၂၅ယောက်၊ အမျိုးသမီး ရှစ်ယောက်၊ ထိုင်းနိုင်ငံသူ အမျိုးသမီး နှစ်ယောက်၊ မြန်မာနိုင်ငံသားအမျိုးသား ၄၆ယောက်နဲ့ အမျိုးသမီး ၂၄ယောက်တို့ကို အွန်လိိုင်းလိမ်လည်ရာမှာအသုံးပြုတဲ့ ကွန်ပျူတာတွေ၊ ဖုန်းတွေ၊ ဝိုင်ဖိုင်စက်တွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဆက်လက်ပြီးလုံခြုံရေးပူးပေါင်းအဖွဲ့တွေက အဲဒီရပ်ကွက်အတွင်း ဆက်လက်စုံစမ်းရှာဖွေ ဖော်ထုတ်စစ်ဆေးခဲ့ရာမှာ မစိုးရိမ်ကျောင်းလမ်းက နောက်ထပ်အိမ်တစ်အိမ်ကနေ အွန်လိုင်းလိမ်လည်ရာမှာအသုံးပြုတဲ့နောက်ထပ်ကွန်ပျူတာတစ်လုံးနဲ့ လက်ကိုင်ဖုန်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

အခုဖမ်းမိတဲ့ အွန်လိမ်းလိမ်လည်သူတွေဟာ ၂၀၂၆ခုနှစ်၊ မေလကစပြီး တရုတ်အက်ပလီကေးရှင်းတွေ အသုံးပြုကာ အွန်လိမ်းလိမ်လည်မှုတွေ ကျူးလွန်ခဲ့တာဖြစ်သလို လစာအနေနဲ့ ယွမ် ၅၀၀၀ခန့် ရရှိကြတယ်လို့ ဆိုပါတယ်။
လုပ်ငန်းလုပ်ကိုင်သူတွေခေါ်ယူရာမှာ တယ်လီဂရမ်ကတစ်ဆင့် တရုတ်စကားပြောနိုင်သူတွေကို ရွေးချယ်ခေါ်ယူပြီး နေ့စဉ်မနက် ၈နာရီကနေ ည ၈နာရီအထိ အလုပ်လုပ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုပ်ငန်းလုပ်ဆောင်ရာမှာ ငွေကြေးလိမ်လည်တဲ့အဖွဲ့၊ အဆောက်အအုံစောင့်ရှောက်တဲ့အဖွဲ့၊ အစားအသောက်ပစ္စည်းပေးအပ်တဲ့အဖွဲ့နဲ့ ထမင်းချက်အဖွဲ့တွေထားပြီး အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။အခုဖမ်းမိသူတွေကို လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီးရင် တရားဥပဒေနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
တရားစီရင်ရေး
သတင်း

စစ်မှုထမ်းဆင့်ခေါ်မှု အဓမ္မဖမ်းဆီးသူ နှင့် ငွေကောက်ခံသူ ၁၉၉ ဦးအား အရေးယူ

One News

Nov 22, 2026 8

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်မှာ အဓမ္မဖမ်းဆီး ဆင့်ခေါ်သူ နဲ့ တရားမဝင် ငွေကြေးကောက်ခံသူ ၁၉၉ ယောက်ကို အရေးယူထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။